辛甜

တရုတ်-အမေရိကန် စီးပွားကုန်သွယ်ရေး အဆင့်မြင့် ညှိနှိုင်းဆွေးနွေးပွဲ၏ နှစ်ဖက် ဦးဆောင်သူများ တယ်လီဖုန်းဖြင့် ဆက်သွယ်

(GMT+08:00)2019-11-17 14:11:11  

ယခုလ ၁၆ရက်နေ့ နံနက်ပိုင်းက တရုတ် ကွန်မြူနစ်ပါတီ ဗဟို ကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့ အဖွဲ့ဝင်၊ နိုင်ငံတော် ကောင်စီ ဒုဝန်ကြီးချုပ်၊ တရုတ်-အမေရိကန် ဘက်စုံ စီးပွားရေး ဆွေးနွေးပွဲ၏ တရုတ်ဘက်မှ ဦးဆောင်သူ လျူဟို့သည် ချိန်းဆိုထားသည့် အတိုင်း အမေရိကန် ကုန်သွယ်ရေး ကိုယ်စားလှယ် ရိုက်သီဇာ၊ ဘဏ္ဍာရေး ဝန်ကြီး မနူချင်နှင့် တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့ကြောင်း၊ ထိုသို့ တယ်လီဖုန်းဖြင့် ဆက်သွယ် ရာတွင် နှစ်ဖက်တို့သည် ပထမ အဆင့်ကာလ သဘောတူ စာချုပ်ပါ ကိုယ့်အမြုတေ အလေးထားချက်များနှင့် ပတ်သက်၍ အပြုသဘောဆောင်သော ဆွေးနွေးခြင်းကို ပြုလုပ်ပြီး နွေးနွေးသော ကူးလူးဖလှယ်မှုကို ဆက်လက်ထိန်းသိမ်းထားမည်ဟု ဖော်ပြကြောင်း China Media Groupက ဖော်ပြသည်။