梅皓

Pompeo၏ စံနှုန်း၂မျိုး ကျင့်သုံးခြင်းသည် ကိုယ့်ကိုယ်ကိုယ် ထိခိုင်စေလိမ့်မည်

(GMT+08:00)2019-11-17 10:32:30  

  မကြာခင်က ဟောင်ကောင် တစ်ယူသန်သမားများ၏ အကြမ်းဖက် အပြစ် ကျူးလွန်မှုသည် ဆက်တိုက် အရှိန်မြင့်လာသောကြောင့် လူတစ်ဦး သေဆုံးပြီး ၁၀၀ကျော် ဒဏ်ရာရရှိခဲ့ကြောင်း၊ သို့သော် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Pompeoသည် ယင်းသို့ တရားဥပဒေ စိုးမိုးရေး အပေါ် ဆိုးရွားသော ဖိနှိပ်မှု ရှိသည့် အကြမ်းဖက် လှုပ်ရှားမှုကို ကြည့်သော်လည်း ဘာမှ မမြင်ရကြောင်း၊ ထို့အပြင်၊ ၄င်းသည် ကောင်ဟောင်နှင့် ပတ်သက်၍ လက်ညှိုးတထိုးထိုး မေးတငေါ့ငေါ့ ဖြစ်ပြီး ဝင်ရောက်စွက်ဖက် ပြောဆိုခဲ့ကြောင်း၊ Pompeo၏ စံနှုန်း ၂မျိုး ကျင့်သုံးခြင်းနှင့် အမှားနှင့် အမှန်ကို ကပြောင်းကပြန် ဖြစ်အောင် လုပ်ခြင်းသည် လူသား၏ ပင်ကိုယ်အသိဥာဏ် အပေါ် စိန်ခေါ်မှု ဖြစ်ပြီး တရုတ်ပြည်တွင်းရေးတွင် ပြောင်ပြောင်တင်းတင်း ဝင်ရောက်စွက်ဖက်နေ ခြင်းလည်းဖြစ်ကြောင်း၊ ယင်းသည် ဟောင်ကောင် ရေးရာကို အသုံးပြုပြီး တရုတ်ပြည် အပေါ် ဖိအားပေးရန်နှင့် မတည်မငြိမ် ဖြစ်စေရန် ၄င်း၏ ယုတ်မာသော ကြံစည်မှုကို တစ်ဆင့်တိုး ပေါ်လွင်လာစေကြောင်း၊ ဟောင်ကောင်တွင် ဖြစ်ပွားနေသော အကြမ်းဖက် လှုပ်ရှားမှုများဟာ အမေရိကန်မှ တရုတ်ပြည်ကို ဆန့်ကျင်ရေး အင်အားနှင့် ပတ်သက်နေခြင်း၊ တစ်နည်းအားဖြင့်ပြောရလျှင်  ဟောင်ကောင်တွင် ဖြစ်ပွားနေသော အကြမ်းဖက် လှုပ်ရှားမှုများဟာ အမေရိကန်မှ တရုတ်ပြည်ကို ဆန့်ကျင်ရေး အင်အား၏ နောက်ကွယ်မှ ကြိုးကိုင်လှုပ်ရှားမှု၏ တိုက်ရိုက်ရလဒ် ဖြစ်ခြင်းကို Pompeo၏ ပြောဆိုချက်သည် တစ်ဆင့်တိုး ပြဆိုနေကြောင်း China Media Groupက ဖော်ပြသည်။

  ဟောင်ကောင် အထူး အုပ်ချုပ်ရေး ဒေသ အစိုးရမှ အကြမ်းဖက် ပြစ်မှု ကျူးလွန်သူများကို ဥပဒေ အရ အရေးယူခြင်းသည် ဟောင်ကောင်တွင် တရားဥပဒေနှင့် အညီ စီမံအုပ်ချုပ်ရေးကိုရော၊ ဟောင်ကောင်သူ ဟောင်ကောင်သားများ၏ လူ့အခွင့်အရေးနှင့် လွတ်လပ်မှုကိုပါ ထိန်းသိမ်းကာကွယ်မှု ဖြစ်ကြောင်း၊ တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်က BRICSနိုင်ငံ ထိပ်သီးခေါင်းများ ၁၁ကြိမ်မြောက် အစည်းအဝေးသို့ တက်ရောက်ရာတွင် တရုတ် အစိုးရ အနေနှင့် နိုင်ငံတော် အချုပ်အခြာ အာဏာပိုင်မှု၊ လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အကျိုးစီးပွားကို ထိန်းသိမ်းကာကွယ်ရေး အတွက် ခိုင်မာပြတ်သားသော စိတ်ပိုင်းဖြတ်မှုရှိကြောင်း၊ ”တိုင်းပြည်တစ်ပြည် စနစ်နှစ်မျိုး” မူဝါဒလမ်းစဉ်ကို ဦးလည်မသုန် ကျင့်သုံးဆောင်ရွက်မည် ဖြစ်ကြောင်း၊ ဟောင်ကောင် ရေးရာတွင် ပြည်ပမှ အင်အားများ၏ ဝင်ရောက်စွက်ဖက်မှုမှန်သမျှကို ခိုင်မာပြတ်သားစွာ ဆန်ကျင့်ကြောင်းပြောကြားခဲ့သည်။ Pompeoကဲ့သို့သော ပုဂ္ဂိုလ်များသည် ယင်းအပေါ် မည်သည့် မှားယွင်းသော အကဲဖြတ်သုံးသပ်ခြင်းကိုမျှ မပြုရတော့ကြောင်း China Media Groupက ဖော်ပြသည်။