马宁

ဟောင်ကောင်ပြဿနာရေးရာ ကြည်လင်ပြတ်သားသောအချက် အထင်လွှဲမှားစွာ အကဲဖြတ်နိုင်မည် မဟုတ်

(GMT+08:00)2019-11-16 15:38:15  

  မကြာခင်က ဘရာဇီးလီးယား၌ BRICS နိုင်ငံ ခေါင်းဆောင်များ ၁၁ ကြိမ်မြောက် အစည်းအဝေးသို့ တက်ရောက်နေသည့် တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည်၊ ဟောင်ကောင်၌ ဆက်တိုက်ဖြစ်ပွားနေသည့် အကြမ်းဖက်မှုလုပ်ရပ်များ သည်၊ တရားဥပဒေစိုးမိုးရေးနှင့် လူမှုရေးစည်းကမ်းများကို ဆိုးရွားစွာ နင်းချေသကဲ့သို့ ဟောင်ကောင် စည်ပင်သာယာရေးနှင့် တည်ငြိမ်ရေးကို ဆိုးရွားစွာ ဖျက်ဆီးခဲ့ကြောင်း၊ ယင်းသည်၊ “တိုင်းပြည်တစ်ပြည်၊ စနစ်နှစ်မျိုး”မူကို ဆိုးရွားစွာ ကျူးလွန်ဖောက်ဖျက်သည့် လုပ်ရပ်ဖြစ်ကြောင်း၊  အကြမ်းဖက်မှုရပ်စဲပြီး စည်းကမ်းပြန်လည်ရရှိခြင်းမှာ ယခု လောလောဆယ်တွင် ဟောင်ကောင်၏ အရေးတကြီးတာဝန်ဖြစ်ကြောင်းဖော်ပြခဲ့သည်။

  ရှီကျင့်ဖိန်က နိုင်ငံတော် အချုပ်အခြာအာဏာပိုင်မှု၊ လုံခြုံမှုနှင့် ဖွံ့ဖြိုးမှု အကျိုးစီးပွားကို ထိန်းသိမ်းကာကွယ်သည့် တရုတ်အစိုးရ၏ သန္နိဋ္ဌာန်မှာ    မယိန်းမယိုင် စွဲစွဲမြဲမြဲဖြစ် သကဲ့သို့ ”တိုင်းပြည်တစ်ပြည်၊ စနစ်နှစ်မျိုး”မူကို စွဲကိုင်ကျင့်သုံးသည့် သန္နိဋ္ဌာန်သည်လည်း ဦးလည်မသုန်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

  ဟောင်ကောင်ရေးရာများသည် တရုတ်ပြည်၏ ပြည်တွင်းရေးကိစ္စပင်ဖြစ်ပြီး၊ မည်သူမျှ မဆို၊ နိုင်ငံတော် အချုပ်အခြာအာဏာပိုင်မှု၊ လုံခြုံမှုနှင့် ဖွံ့ဖြိုးမှု အကျိုးစီးပွား ထိန်းသိမ်း ကာကွယ်သည့် တရုတ်အစိုးရ၏ သန္နိဋ္ဌာန်ကို အထင်သေးနိုင်မည်မဟုတ်ကြောင်း၊ ဟောင်ကောင် ပြဿနာရေးရာ တရုတ်အစိုးရ၏  ကြည်လင်ပြတ်သားသော အချက်ပြမှု အပေါ် အထင်လွှဲမှားစွာ အကဲဖြတ်နိုင်မည် မဟုတ်ကြောင်း China Media Group ကဖော်ပြသည်။