马宁

တရုတ်ပြည်၏အဆိုပြုချက်သည် BRICS နိုင်ငံများပူးပေါင်းဆောင်ရွက်ရေးအတွက် ပိုမို တွန်းအားပေးမည်

(GMT+08:00)2019-11-16 15:39:54  

  ယခုလ ၁၅ ရက်နေ့က China Media Group သည်၊ (သော့ချက်ကျသော ကာလ အတွင်း ”တရုတ်ပြည်၏ အဆိုပြုချက်”သည်၊ BRICS နိုင်ငံများပူးပေါင်းဆောင်ရွက်ရေး အတွက် ပိုမိုတွန်းအားပေးမည်)ဟူသည့် ခေါင်းစဉ်ဖြင့် ဝေဖန်ရေးဆောင်းပါး တစ်ပုဒ်ကို ရေးသားဖော်ပြသည်။

  ယင်းဆောင်းပါးတွင် တရုတ်နိုင်ငံတော်ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် မကြာခင်က BRICS နိုင်ငံခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးပွဲတွင် အရေးကြီးမိန့်ခွန်းပြောကြားခဲ့ရာ၌၊ BRICS နိုင်ငံများအနေနှင့် စီးပွားရေး၊ နိုင်ငံရေးနှင့် လူမှုယဉ်ကျေးမှု နယ်ပယ် ၃ ခု ၌ ထမ်းဆောင်သင့်သည့် တာဝန်ဝတ္တရားများကို ရဲရင့်စွာ ထမ်းဆောင်ရမည်ဟု ထပ်မံ အလေးထားဖော်ပြခဲ့ကြောင်း၊ ယင်းသည်၊ BRICS နိုင်ငံများ နက်ရှိုင်းစွာ ပူးပေါင်း ဆောင်ရွက်ရေးအတွက် ဦးတည်ချက်ကို လမ်းညွှန်ပေးခဲ့ရုံသာမက ဆောင်ရွက်မှု အဆိုပြုချက်ကိုလည်း တင်ပေးခဲ့ကြောင်းေ၇းသားဖော်ပြသည်။

  ဆက်လက်၍ ယင်းဆောင်းပါးတွင် BRICS နိုင်ငံများအနေနှင့် ကိုယ်ကျိုးစီးပွား ကာကွယ်ရေးဝါကို ပြတ်သားစွာ ဆန့်ကျင်ရန်၊ အတူတိုင်ပင်ဆွေးနွေးရေး၊ အတူ တည်ဆောက်ရေးနှင့် အတူမျှဝေခံစားရေး အပါအဝင်ဖြစ်သည့် ကမ္ဘာ့စီမံခန့်ခွဲရေး ခံယူချက် ကို တက်ကြွစွာ ကမကထပြုရန်၊ နိုင်ငံတကာရေးရာများတွင် ထွန်းသစ်စ ဈေးကွက် နိုင်ငံများနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ပြောဆိုပိုင်ခွင့်နှင့် သြဇာညောင်းမှုများကို မြှင့်တင်စေရန်နှင့် ဖွံ့ဖြိုးရေးပြဿနာကို ကမ္ဘာ့မက်ကရို ပေါ်လစီ၏ အမြုတေနေရာ၌ ထားရှိရန် လိုအပ် ကြောင်း အလေးထားဖော်ပြခဲ့သည်။