马宁

BRICS နိုင်ငံခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးပွဲသည် နိုင်ငံတကာမိသားစုကြီးအတွက် အပြုသဘောဆောင်သော အင်အား ထည့်သွင်း

(GMT+08:00)2019-11-16 15:36:17  

  BRICS နိုင်ငံခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးပွဲကို ယခုလ ၁၄ ရက်နေ့က ဘရာဇီး နိုင်ငံ ဘရာဇီးလီးယားမြို့တော်၌ အောင်မြင်စွာ ကျင်းပခဲ့သည်။ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကင်စွမ်က၊ ၅ နိုင်ငံ ထိပ်သီးခေါင်းဆောင်များသည်၊ BRICS နိုင်ငံများ ပူးပေါင်းဆောင်ရွက်မှုနှင့် အတူတကွအရေးထားကြသည့် အရေးကြီးနိုင်ငံ တကာပြဿနာများနှင့် စပ်လျဉ်း၍ အမြင်ချင်းဖလှယ်ခဲ့ပြီး ကျယ်ပြန့်သော သဘောတူညီမှု များရရှိခဲ့ကြောင်း၊ နိုင်ငံတကာမိသားစုကြီးအတွက် အပြုသဘော ဆောင်သော အင်အားကို ထည့်သွင်းပေးခဲ့ကြောင်း ယခုလ ၁၅ ရက်နေ့က ပီကင်းတွင် ပြောကြားခဲ့သည်ဟု China Media Group မှ သတင်းအရသိရသည်။