朱蕾

ရှီကျင့်ဖိန်သည်၊ BRICS နိုင်ငံ ခေါင်းဆောင်များ ၁၁ ကြိမ်မြောက် အစည်းအဝေးသို့ တက်ရောက် မိန့်ခွန်းပြောကြား

(GMT+08:00)2019-11-15 13:35:43  

ဒေသစံတော်ချိန် ယခုလ ၁၄ ရက်နေ့က BRICS နိုင်ငံ ခေါင်းဆောင်များ ၁၁ ကြိမ်မြောက် အစည်းအဝေးကို ဘရာဇီးနိုင်ငံ ဘရာဇီးလီးယားမြို့တော်၌ ကျင်းပခဲ့သည်။ တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်၊ ရုရှားနိုင်ငံ သမ္မတ ပူတင်၊ အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် မိုဒီနှင့် တောင်အာဖရိကနိုင်ငံ သမ္မတ ရာမာဖိုဆာတို့ တက်ရောက်ခဲ့ကြသည်။ ၅ နိုင်ငံ ထိပ်သီးခေါင်းဆောင်တို့သည်၊ ”စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးနှင့် အနာဂတ် ဆန်းသစ်တီထွင် ရေး” ဟူသော အဓိကဆွေးနွေးချက်ကို မူတည်ပြီး၊ BRICS နိုင်ငံများ ပူးပေါင်း ဆောင်ရွက်မှုနှင့် အတူတကွ အရေးထားကြသည့် အရေးကြီးနိုင်ငံတကာပြဿနာများနှင့် စပ်လျဉ်း၍ နက်ရှိုင်းစွာ အမြင်ချင်းဖလှယ်ခဲ့ပြီး၊ ကျယ်ပြန့်သော သဘောတူညီမှုများ ရရှိခဲ့ ကြသည်ဟု ဆင်ဟွာသတင်းအရသိရသည်။

ရှီကျင့်ဖိန်သည် (လက်တွဲကြိုးပမ်ပြီး၊ ပူးပေါင်းဆောင်ရွက်ရေး အခန်းကဏ္ဍသစ် အတူ ဖွင့်လှစ်ကြ) ဟူသည့် ခေါင်းစဉ်ဖြင့် အရေးကြီး မိန့်ခွန်းပြောကြားခဲ့သည်ဟု သတင်းအရသိရ သည်။