辛甜

ရှီကျင့်ဖိန်သည် တောင်အာဖရိကသမ္မတရာမာဖိုဆာနှင့်တွေ့ဆုံဆွေးနွေး

(GMT+08:00)2019-11-15 11:06:06  

ဒေသစံတော်ချိန် ယခုလ ၁၄ ရက်နေ့က တရုတ်နိုင်ငံတော်ဥက္ကဋ္ဌရှီကျင့်ဖိန်သည် ဘရာဇီးလီးယားမြို့၌ တောင်အာဖရိကသမ္မတရာမာဖိုဆာနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည် ဟု ဆင်ဟွာသတင်းအရသိရပါသည်။

ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ရှီကျင့်ဖိန်က တရုတ်နှင့်တောင်အာဖရိကတို့သည် အဓိက ဖွံ့ဖြိုးဆဲနိုင်ငံနှင့် ထွန်းသစ်စဈေးကွက်စီးပွားရေးအုပ်စုဖြစ်ပြီး ပြည်တွင်းတွင် စီးပွားရေး ဖွံ့ဖြိုး တိုးတက်ရေး၊ ပြည်သူတို့၏စားဝတ်နေရေး ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ရေး စသည့် ကြီးလေးသော တာဝန်ကို ရင်ဆိုင်နေရကာ ပြည်ပနှင့်ဆက်ဆံရာတွင် ဘက်ပေါင်းစုံဝါဒကို ပြတ်သားစွာ ထိန်းသိမ်းကာကွယ်၍ တစ်ဖက်သတ်ဝါဒနှင့် ဗိုလ်ကျစိုးမိုးရေးကို ဆန့်ကျင်ကြောင်း၊ တရုတ်ဘက်အနေနှင့် တောင်အာဖရိကနိုင်ငံနှင့်အတူ ရင်းနှီးစွာ ပူးပေါင်း ဆောင်ရွက်ပြီး တရုတ်-တောင်အာဖရိက ဘက်စုံမဟာဗျူဟာမိတ်ဖက်ဆက်ဆံရေးကို ကောင်းမွန်စွာ ထိန်းသိမ်းကာကွယ်လိုကြောင်း ပြောကြားခဲ့သည်။

 ရာမာဖိုဆာက တရုတ်ပြည်သူ့သမ္မတနိုင်ငံတည်ထောင်သည့် နှစ် ၇၀ ပြည့်မြောက်ခြင်း ကို ထောမနာပြုခဲ့ပါသည်။