梅皓

ယုံကြည်မှုနှင့် ဆောင်ရွက်မှုများဖြင့် BRICSပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေ

(GMT+08:00)2019-11-15 10:38:34  

  တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်က ဒေသ စံတော်ချိန် ယခုလ ၁၃ရက်နေ့က ဘရာဇီးနိုင်ငံ၌ ကျင်းပသော BRICSနိုင်ငံများ စက်မှုနှင့် စီးပွားကုန်သွယ်ရေး ဖိုရမ် ပိတ်ပွဲ အခမ်းအနားတွင် မိန့်ခွန်းပြောကြားရာ၌ BRICSနိုင်ငံများ စက်မှုလုပ်ငန်း တော်လှန်ရေး မိတ်ဖက် ဆက်ဆံမှုသစ်သည် လာမည့် အဆင့်ကာလတွင် BRICSစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အတွက် အရေးကြီး ကျားကန်ပေးချက် တစ်ခု ဖြစ်ကြောင်း ပြောကြားသည်ဟု China Media Groupက ဖော်ပြသည်။

  ”BRICSနိုင်ငံများ စက်မှုလုပ်ငန်း တော်လှန်ရေး မိတ်ဖက် ဆက်ဆံမှုသစ်”သည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၊ နိုင်ငံရေး ဆိုင်ရာ လုံခြုံမှု၊ ယဉ်ကျေးမှု ပူးပေါင်းဆောင်ရွက်ရေး ပြီးလျှင် BRICSနိုင်ငံများ ပူးပေါင်းဆောင်ရွက်မှုကို ကျားကန်ပေးရန် စတုတ္ထ ကျောရိုးမဏ္ဍိုင် ဖြစ်လာပြီ ဖြစ်ကြောင်း၊ ဥက္ကဋ္ဌ ရှီကျင့်ဖိန်၏ ယင်းအဆိုပြုချက်သည် အကြိမ်သစ် သိပ္ပံနည်းပညာ တော်လှန်ရေးနှင့် လုပ်ငန်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှု၏ လိုအပ်မှုနှင့် ကိုက်ညီပြီး BRICSနိုင်ငံများ၏ ပူးပေါင်းဆောင်ရွက်ရေး နယ်ပယ်သစ်များကို တိုးချဲ့ခြင်း၊ အားသာချက် ဆိုင်ရာ ဖော်ထုတ်ခြင်းနှင့် အပြန်အလှန် ဖြည့်ဆည်းခြင်း၊ ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ တွန်းအားပေးမှုဟောင်းကို တွန်းအားပေးမှုသစ် အဖြစ် အရှိန်မြှင့် ပြောင်းလဲစေခြင်းနှင့် စက်မှုလုပ်ငန်း ဖွဲ့စည်းပုံ ပြုပြင်ပြောင်းလဲမှုကို အရှိန်မြှင့် ဆောင်ရွက်ခြင်း အတွက် အကျိုးရှိကြောင်း China Media Groupက ဖော်ပြသည်။

  တရုတ်ပြည်၏ တံခါးဖွင့်မှုနှင့် ပြုပြင်ပြောင်းလဲမှု တိုးချဲ့ကျင့်သုံးဆောင်ရွက်ရန် စိတ်ပိုင်းဖြတ်ချက်သည် ပြောင်းလဲခြင်း မရှိသလို တရုတ် စီးပွားရေး ရေရှည် ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်ရန် ရှေ့အလားအလာလည်း ပြောင်းလဲခြင်း မရှိကြောင်း၊ တရုတ်ပြည်သည် ယုံကြည်မှုနှင့် ဆောင်ရွက်မှုများဖြင့် BRICSပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေပြီး BRICSနိုင်ငံများ၏ အတူ ဖွံ့ဖြိုးတိုးတက်ရေး အတွက် တွန်းအားပေးနေကြောင်း China Media Groupက ဖော်ပြသည်။