ဒေသစံတော်ချိန် ယခုလ ၁၃ ရက်နေ့က China Media Group (CMG)နှင့် ဘရာဇီးနိုင်ငံ မီဒီယာကုမ္ပဏီ(EBC)တို့သည်၊ ဘရာဇီးလီးယားတွင် ပူးပေါင်းဆောင်ရွက်ရေး သဘောတူ စားချုပ်ကို လက်မှတ်ရေးထိုးချုပ်ဆိုခဲ့ကြသည်ဟု China Media Group မှ သတင်းအရသိရသည်။
တရုတ်ပြန်ကြားရေးဝန်ကြီးဌာနဒု ဝန်ကြီး၊ China Media Group ဥက္ကဋ္ဌ ရှင့်ဟိုင်ရှုံနှင့် EBC ဒါရိုက်တာချုပ် Luiz Gomes တို့သည်၊ လက်မှတ်ရေးထိုးပွဲအခမ်းအနားသို့ အတူ တက်ရောက်ပြီး၊ ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးချုပ်ဆို ခဲ့ကြသည်။
အခမ်းအနား၌ မိန့်ခွန်းပြောကြားခဲ့ရာတွင် ရှိန့်ဟိုင်ရှုံကနှစ်နိုင်ငံ ထိပ်သီးခေါင်းဆောင် တို့၏ အတူတွန်းအားပေးမှုအရ တရုတ်-ဘရာဇီး ဘက်စုံမဟာဗျူဟာမိတ်ဖက်ဆက်ဆံမှု အဆက်မပြတ် နက်ရှိုင်းလာခဲ့ပြီ၊ တောင်ဘက်ခြမ်းပူးပေါင်းဆောင်ရွက်မှု၏ စံပြဖြစ်လာ ပြီဖြစ်ကြောင်း ဖော်ပြခဲ့သည်ဟု သတင်းအရသိရသည်။