梅皓

တရုတ် နိုင်ငံတကာ သွင်းကုန်ကုန်စည်ပြပွဲသည် တွန်းအားပေးမှု ၃ရပ်ကို ဖော်ဆောင် ပေးပြီး တံခါးဖွင့်မှုနှင့် အတူ ဖွံ့ဖြိုးတိုးတက်မှုကို လက်တွဲ တိုးမြှင့်နိုင်

(GMT+08:00)2019-11-11 16:57:07  

  ဒုတိယ အကြိမ် တရုတ် နိုင်ငံတကာ သွင်းကုန်ကုန်စည်ပြပွဲကို ယခုလ ၁၀ရက်နေ့က ရှန်ဟိုင်းတွင် ကျင်းပပြီးစီးခဲ့ကြောင်း၊ ပြီးခဲ့သည့် ၆ရက် အတွင်း ၄င်းပြပွဲတွင် အောင်မြင်မှု များစွာ ရရှိပြီး စီးပွားရေး ဂလိုဘယ်လိုက်ဇေးရှင်း အတွက် တွန်းအားပေးမှုသစ်ကို ဖော်ဆောင်ပေးပြီး တစ်ကမ္ဘာလုံးတွင် တံခါးဖွင့်မှု၊ ပူးပေါင်းဆောင်ရွက်မှုနှင့် လက်တွဲ ဖွံ့ဖြိုးတိုးတက်မှု အတွက် အကျိုးရှိကြောင်း China Media Groupက ဖော်ပြသည်။

  တရုတ် နိုင်ငံတကာ သွင်းကုန်ကုန်စည်ပြပွဲသည် ကုန်စည်နှင့် ဝန်ဆောင်မှု ရောင်းဝယ်ခြင်းဖြင့် ကုန်သွယ်ရေး ဂလိုဘယ်လိုက်ဇေးရှင်းနှင့် ကမ္ဘာ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို တိုးမြှင့်နေကြောင်း၊ လက်ရှိအချိန်၌ ကိုယ်ကျိုးစီးပွား ကာကွယ်ရေး ဝါဒနှင့် တစ်ဖက်သတ် ဝါဒ ဦးမော့လာ၍ ကမ္ဘာ့ စီးပွားရေး ကျဆင်းမှု ဖိအားကို ရင်ဆိုင်နေရသည့် အခြေအနေမျိုးတွင် ဒုတိယ အကြိမ် တရုတ် နိုင်ငံတကာ သွင်းကုန်ကုန်စည်ပြပွဲ၌ ရရှိသော ရောင်းဝယ်မှု ပမာဏ များစွာတိုးလာပြီး ပြပွဲ၏ နိုင်ငံတကာဖြစ်မှု(internationalization)အဆင့်နှင့် ကျွမ်းကျင်မှု အဆင့်ပိုမိုမြင့်မားကာ အဆင့်မြင့် သိပ္ပံနည်းပညာ ပါဝင်မှု ပိုမိုများပြားခြင်းသည် ယင်းပြပွဲဟာ ကမ္ဘာ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အတွက် တွန်းအားပေးမှု ဖြစ်လာခြင်းကို ပြဆိုနေကြောင်း၊ ထို့အပြင်၊ ပြပွဲတွင် ယဉ်ကျေးမှု၊ ကြံဆချက်၊ အတွေးအခေါ်များ ကူးလူးဖလှယ်ခြင်းနှင့် သဘောတူညီမှု စုစည်းခြင်းဖြင့် ကိုယ်ကျိုးစီးပွား ကာကွယ်မှု ဝါဒကို ဆန့်ကျင်ရေးနှင့် စီးပွားရေး ဂလိုဘယ်လိုက်ဇေးရှင်းကို အားပေးထောက်ခံရေး အတွက် အားကောင်းသော အင်းအားကို ပြသနေကြောင်း၊ တရုတ် နိုင်ငံတကာ သွင်းကုန်ကုန်စည် ပြပွဲသည် ”အတူမျှဝေခံစားရေး” ခံယူချက်ကို ဖော်ပြပြီး လူသား ကံကြမ္မာ အသိုက်အဝန်း တည်ဆောက်ရေး အတွက် လက်တွေ့ဆောင်ရွက်မှု တစ်ခု ဖြစ်နေကြောင်း China Media Groupက ဖော်ပြသည်။