辛甜

တရုတ်ဈေးကွက်မှ ဆွဲဆောင်မှု ၄ ခုကို သွင်းကုန်ကုန်စည်ပြပွဲတွင် ပြဆို

(GMT+08:00)2019-11-10 11:46:57  

“တရုတ်ဈေးကွက်ကြီးမားပြီး အားလုံးလာကြည့်ဖို့ ကြိုဆိုပါတယ်။”ယင်းသည် တရုတ်နိုင်ငံတော်ဥက္ကဋ္ဌရှီကျင့်ဖိန်၏ တစ်ကမ္ဘာလုံးအပေါ် ချစ်ခင်ရင်းနှီးသော ဖိတ်ခေါ်မှုဖြစ်ပါသည်။ လက်ရှိတွင် တစ်ဖတ်သတ်ဝါဒ၊ ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒ ဦးမော့လာပြီး ကမ္ဘာ့စီးပွားရေးကျဆင်းသည့် ဖိအား ကြီးမားသော အခြေအနေတွင် အလယ်တန်းအဆင့်ဝင်ငွေ အုပ်စု သန်း ၄၀၀ ပါဝင်သော လူဦးရေး သန်း ၁၄၀၀ ရှိသော တရုတ်ဈေးကွက်သည် တစ်ကမ္ဘာလုံး လုပ်ငန်းကုမ္ပဏီများအတွက် လက်လွတ်မခံနိုင်သော အခွင့်အရေးကောင်းတစ်ခုဖြစ်ပါသည်။

တရုတ်ဈေးကွက်၏ ဆွဲဆောင်မှုမှာ ပထမတစ်ခုက ကြီးမားသော စားသုံးမှု လိုအပ်ချက်ဖြစ်သည်။ နောက်တစ်ခုက ကောင်းမွန်ပြည့်စုံသော အခြေခံအဆောက်အဦးနှင့် ကြီးမားသော ကုန်စည်စီးဆင်းရေးကွန်ရက်ရှိခြင်းပင် ဖြစ်သည်။ တရုတ်နိုင်ငံ၏ စီးပွားရေးပတ်ဝန်းကျင်သည် အဆက်မပြတ် ကောင်းမွန်လာပါသည်။ ကမ္ဘာ့ဘဏ်က အသစ်ထုတ်ပြန်သော ၂၀၂၀ ပြည့်နှစ် စီးပွားရေးပတ်ဝန်းကျင်အစီရင်ခံစာတွင် တရုတ်နိုင်ငံ၏ အဆင့်နေရာသည် ၁၅ နေရာ မြင့်တက်လာပါသည်။ လက်ရှိအချိန်တွင် တရုတ်နိုင်ငံသည် သိပ္ပံနည်းပညာ ဆန်းသစ်တီထွင်ရေးဖြင့် အရည်အသွေးမြင့်မားသော ဖွံ့ဖြိုးတိုးတက်မှုကို ဦးဆောင်ရန် အားဖြည့် ဆောင်ရွက်နေပါသည်။