辛甜

ရှီကျင့်ဖိန်သည် လေတပ်တည်ထောင်ခြင်း နှစ် ၇၀ ပြည့်အထိမ်းအမှတ်လှုပ်ရှားမှုသို့ တက်ရောက်

(GMT+08:00)2019-11-09 11:43:34  

ပြည်သူ့လေတပ် တည်ထောင်ခြင်း နှစ် ၇၀ ပြည့်မြောက်သည့် အခါသမယတွင် တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ၊ နိုင်ငံတော်ဥက္ကဋ္ဌ၊ ဗဟိုစစ်ရေးကော်မရှင်ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ယခုလ ၈ ရက်နေ့က လေတပ်တည်ထောင်ခြင်း နှစ် ၇၀ ပြည့် အထိမ်းအမှတ်လှုပ်ရှားမှုသို့ တက်ရောက်ပြီး တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီနှင့် ဗဟိုစစ်ရေးကော်မရှင်ကိုယ်စား လေတပ်တည်ထောင်သည့် နှစ် ၇၀ ပြည့်မြောက်ခြင်းကို ထောမနာပြုပြီး လေတပ်အရာရှိများနှင့် အမှုထမ်းများအားလုံးကို ရင်းနှီးစွာ နှုတ်ခွန်းဆက်သခဲ့ကြောင်း ဆင်ဟွာသတင်းအရသိရပါသည်။

 ပြီးနောက် ဥက္ကဋ္ဌရှီကျင့်ဖိန်သည် လေတပ်တည်ထောင်ခြင်း နှစ် ၇၀ ပြည့် အထိမ်းအမှတ်ပြပွဲကိုလည်း လည်ပတ်ကြည့်ရှုခဲ့ပါသည်။