辛甜

သွင်းကုန်ကုန်စည်ပြပွဲတွင် ပြသသော သိပ္ပံနည်းပညာများသည် လူသားတို့ အတွက် ပိုမိုကောင်းမွန်သော အနာဂတ်ရေးကို ဆောင်ကြဉ်းလာမည်

(GMT+08:00)2019-11-09 09:42:42  

လက်ရှိအချိန်သည် သိပ္ပံနည်းပညာ တော်လှန်ရေးနှင့် လုပ်ငန်းပြုပြင်ပြောင်းလဲမှုတွင် အရေးကြီးသည့် တိုးတက်မှု ရရှိရေး အတွက် သော့ချက်ကျသော အချိန်ကာလဖြစ်ကြောင်း၊ ကမ္ဘာ့ စီးပွားရေး လုပ်ငန်းပုံစံသစ်၊ တွန်းအားပေးမှုသစ်များ အဆက်မပြတ် ပေါ်ပေါက် လာကြောင်း၊ သိပ္ပံနည်းပညာနှင့် စီးပွားရေးသည် နက်ရှိုင်းစွာ ရောနှောပေါင်းစပ်နေကြောင်း၊ တရုတ် နိုင်ငံတကာ သွင်းကုန်ကုန်စည်ပြပွဲသည် ၄င်းရောနှောပေါင်းစပ်ခြင်းကို လက်တွေ့ ဖော်ဆောင်သည့် အရေးကြီး ပလက်ဖောင်း တစ်ခု ဖြစ်ကြောင်း၊ ပထမဆုံး အကြိမ် တရုတ် နိုင်ငံတကာ သွင်းကုန်ကုန်စည်ပြပွဲတွင် ခေတ်မီကုန်ပစ္စည်း၊ နည်းပညာနှင့် ဝန်ဆောင်မှု ၁၀၀ကျော်ကို ပထမဆုံး ခင်းကျင်းပြသထားခဲ့ကြောင်း China Media Groupက ဖော်ပြသည်။

သိပ္ပံနည်းပညာ ဆန်းသစ်တီထွင်မှုသည် ဖွံ့ဖြိုးတိုးတက်မှု အတွက် အဓိက တွန်းအားပေးမှု ဖြစ်ကြောင်း၊ အကြိမ်သစ် သိပ္ပံနည်းပညာ တော်လှန်ရေးနှင့် လုပ်ငန်းပြုပြင်ပြောင်းလဲမှုတွင် ပေါ်ပေါက်လာသော နည်းပညာသစ်နှင့် လုပ်ငန်းပုံစံသစ်များ ကို  ကမ္ဘာ့ဈေးကွက်တွင် စမ်းသပ်စစ်ဆေးခြင်း ခံရပြီး စီးပွားရေး တွန်းအားပေးမှု ဖြစ်နိုင် လာကြောင်း၊ တရုတ်ပြည်တွင် ကြီးမားသည့် ဈေးကွက်ရှိခြင်းကြောင့် နိုင်ငံအသီးသီးသည် ၄င်းတို့၏ အဆင့်မြင် သိပ္ပံနည်းပညာ ပါဝင်သော ကုန်ပစ္စည်းများကို တရုတ် နိုင်ငံတကာ သွင်းကုန် ကုန်စည်ပြပွဲတွင် ပြသမှုနှင့် ရောင်းဝယ်မှု ပြုလုပ်ကြောင်း China Media Groupက ဖော်ပြသည်။

လက်ရှိအချိန်တွင် တစ်ဖက်သတ် ဝါဒနှင့် ကုန်သွယ်မှု ဆိုင်ရာ ကိုယ်ကျိုးစီးပွား ကာကွယ်ရေး ဝါဒ ဦးမော့လာခြင်းကြောင့် ကမ္ဘာ့ စီးပွားရေး ကျဆင်းမှု ဖိအား တိုးပွားလာ၍ ဖွံ့ဖြိုးတိုးတက်မှု တွန်းအားသစ်ကို လိုအပ်ကြောင်း၊ သွင်းကုန်ကုန်စည်ပြပွဲတွင် ပြသနေသော အဆင့်မြင့် သိပ္ပံနည်းပညာပါသည့် ကုန်ပစ္စည်းများသည် ကမ္ဘာ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အတွက် တွန်းအားပေးမှုသစ်ကို ထောက်ပံ့ပေးနေကြောင်း၊ အသိပညာ၊ နည်းပညာနှင့် လူ့စွမ်းအား အရင်းအမြစ် အပါအဝင် ဆန်းသစ်တီထွင်မှု ဆိုင်ရာ အရေးကြီးအချက်များ အပေါ် ကန့်သတ်ချုပ်ချယ်မှု ရှိသော အဟန့်အတားများကို ကင်းဝေးစေပြီး ဆန်းသစ်တီထွင်မှု ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၊ အောင်ကျိုးရလဒ်များ အတူမျှဝေခံစားရေးနှင့် ပညာမူပိုင်ခွင့် ထိန်းသိမ်းကာကွယ်ရေးကို အားဖြည့်ဆောင်ရွက် သင့်ကြောင်း၊ သွင်းကုန် ကုန်စည်ပြပွဲတွင် ပြသသော သိပ္ပံနည်းပညာများသည် လူသားတို့ အတွက် ပိုမိုကောင်းမွန်သော အနာဂတ်ရေးကို ဆောင်ကြဉ်းလာမည် ဖြစ်ကြောင်း China Media Groupက ဖော်ပြသည်။