辛甜

ဗြိတိန်ရဲဘက်သည် ကုန်တင်ကားမှုခင်းမှသေဆုံးသူအမည်ကို ထုတ်ပြန်

(GMT+08:00)2019-11-09 11:38:22  

ဗြိတိန်နိုင်ငံ  essex ပြည်နယ်ရဲဘက်သည် ယခုလ ၈ ရက်နေ့တွင် ပြီးခဲ့သည့်လက ဖြစ်ပွားခဲ့သော ကုန်တင်ကားမှုခင်းမှ သေဆုံးသူ ၃၉ ဦး၏ အမည်၊ အသက် စသည့် အချက်အလက်များကို ထုတ်ပြန်ခဲ့သည်ဟု ဆင်ဟွာသတင်းအရသိရပါသည်။

ဗြိတိန်နိုင်ငံရဲဘက်မှ ထုတ်ပြန်သော ကြေညာချက်အရ သေဆုံးသူ ၃၉ ဦးတို့သည် ဗီယက်နမ်နိုင်ငံမှ လာပြီး လူအတော်များများ၏ အသက်မှာ ၂၀ မှ ၄၀ အကြားတွင် ရှိကာ လူ ၁၀ ဦးတို့သည် အသက် ၂၀ မပြည့်ကြောင်း ဖေါ်ပြထားပါသည်။ ရဲဘက်က လူပိုင်းခြားဝေခွဲရေးအဖွဲ့တစ်ဖွဲ့ကတစ်ဆင့် သေဆုံးသူအားလုံးကို ဝေခွဲခြင်းဖြစ်ပြီး ယင်းနှင့် ပတ်သက်၍ ဗီယက်နမ်ဘက်နှင့် ဆက်သွယ်မှုရရှိပြီဖြစ်ကြောင်း ပြောကြားပါသည်။