邹立莹

သွင်းကုန်ကုန်စည်ပြပွဲသည် ပိုမိုကြီးမားသည့်စေးကွက်တွင် ထိုင်းကုန်ပစ္စည်း ၀င်ရောက်စေရန် အခွင်ကောင်း ဖန်တီးပေးရန်ဟု ထိုင်းနိုင်ငံဒုဝန်ကြီးချုပ်ဆို

(GMT+08:00)2019-11-08 14:22:29  

ဒုတိယအကြိမ် တရုတ်နိုင်ငံတကာသွင်းကုန် ကုန်စည်ပြပွဲကို ယခုအချိန်တွင်  ရှန်ဟိုင်းမြို့၌ ကျင်းပနေကြောင်း၊ ထိုင်းနိုင်ငံဒုဝန်ကြီးချုပ်၊ ကုန်သွယ်ရေးဝန်ကြီး ကျူလင် ဦးဆောင်သော ကုန်သွယ်ရေးဝန်ကြီးဌါန ကိုယ်စားလှယ်အဖွဲ့သည်  ၄င်းကုန်စည်ပြပွဲ၏ဖွင့်ပွဲနှင့် ထိုင်းကုန်ပစ္စည်းပြသမှုဖွင့်ပွဲသို့ တက်ရောက်ခဲ့ကြောင်း၊ ကျူလင်သည် ရှန်ဟိုင်းမြို့ကို ခရီးမလှည့်လည်ခင် ထိုင်းနိုင်ငံဆိုင်ရာ တရုတ်သတင်းထောက် နှင့် တွေ့ဆုံရာတွင် တရုတ်နိုင်ငံတကာသွင်းကုန် ကုန်စည်ပြပွဲသည် တရုတ်နိုင်ငံအနေနှင့် နိုင်ငံတကာကုန်သွယ်စီးပွားရေးတွင် ပွင့်လင်းမြင်သာမှုရှိခြင်းကို ပြသကာ  တရုတ်နိုင်ငံ တံခါးဖွင့်ပြီး ကမ္ဘာ့ကုန်ပစ္စည်းများကို ကြိုဆိုမှုကြောင့် ထိုင်းနိုင်ငံလုပ်ငန်းကုမ္ပဏီနှင့် ကုန်ပစ္စည်းများသည် ပိုမိုကြီးမားသောနိုင်ငံတကာဈေးကွက်သို့ ၀င်ရောက်နိုင်ရန် အခွင့်ကောင်းကို ဖန်တီးပေးနေသည်ဟု ပြောကြားခဲ့ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။