宋冉

BRICSထပ်သီးအစည်းအဝေးသည် BRICSနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်ရေး “၁၀နှစ်တာရွှေကာလ”နောက်တစ်ကြိမ် ဖွင့်လှစ်ပေးခြင်းဖြစ်ဟု ဘရာဇီးဆိုင်ရာတရုတ်သံအမတ်ကြီးဆို

(GMT+08:00)2019-11-08 16:37:12  

၁၁ကြိမ်မြောက်BRICSနိုင်ငံထိပ်သီးခေါင်းဆောင်များအစည်းအဝေးကို နိုဝင်ဘာလ၁၃ရက်နေ့မှ ၁၄ရက်နေ့အထိ ဘရာဇီးနိုင်ငံ ဘရာဇီးလီးယားမြို့၌ ကျင်းပမည်ဖြစ်ကြောင်း၊ ယခုအကြိမ်ထိပ်သီးအစည်းအဝေးကို မကျင်းပမီက ဘရာဇီးနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး ယန်ဝမ်မင်က China Media Groupမှ သတင်းထောက်နှင့် တွေ့ဆုံရာတွင် ဘရာဇီးလီးယားမြို့၌ ကျင်းပမည့် BRICSထိပ်သီးအစည်းအဝေးသည် ကမ္ဘာ့စီးပွားရေးကို ပိုမိုတည်ငြိမ်စွာနှင့် တရားမျှတစွာ ဖွံ့ဖြိုးတိုးတက်စေရန် တွန်းအားပေးကာ BRICSနိုင်ငံများပူးပေါင်းဆောင်ရွက်ရေး “၁၀နှစ်တာရွှေကာလ”နောက်တစ်ကြိမ် ဖွင့်လှစ်ပေးမည်ဟု ယုံကြည်ပါကြောင်း China Media Groupမှ သတင်းအရသိရပါသည်။