梅皓

တရုတ်ပြည်သည် 6Gနည်းပညာ သုတေသန ဖော်ထုတ်ရေး လုပ်ငန်း ဆိုင်ရာ အစည်းအဝေး ကျင်းပ

(GMT+08:00)2019-11-08 13:58:31  

  မကြာခင်က တရုတ် သိပ္ပံနည်းပညာ ဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ လုပ်ငန်းဌာနများသည် ပီကင်းတွင် 6Gနည်းပညာ သုတေသန ဖော်ထုတ်ရေး လုပ်ငန်း စတင်ဆောင်ရွက်ရေး အစည်းအဝေးကို ကျင်းပခဲ့ရာ နိုင်ငံတော် 6Gနည်းပညာ သုတေသန ဖော်ထုတ်ရေး တွန်းအားပေးခြင်း လုပ်ငန်းအဖွဲ့နှင့် ပညာရှင်များအဖွဲ့ကို ဖွဲ့စည်း တည်ထောင်ပြီး 6Gနည်းပညာ သုတေသန ဖော်ထုတ်ရေး လုပ်ငန်းကို တွန်းအားပေးမည် ဖြစ်ကြောင်း ဖော်ပြသည်။ တရုတ်ပြည်၏ 6Gနည်းပညာ သုတေသန ဖော်ထုတ်ရေး လုပ်ငန်းကို တရားဝင် စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

  6Gလှိုက်နှုန်း၏ အရှိန်သည် 5Gထက် အဆ ၁၀၀ခန့်ပိုမြင့်မည်ဟု သက်ဆိုင်ရာ ပညာရှင် တစ်ဦးက ပြောကြားသည်။