梅皓

China Media Group၏ ကွမ်တုန်း၊ ဟောင်ကောင်၊ မကာအို ပင်လယ်ကွေ့ ဒေသကြီး စင်တာ ဖွင့်လှစ်

(GMT+08:00)2019-11-08 13:01:21  

  ယခုလ ၇ရက်နေ့က China Media Group၏ ကွမ်တုန်း၊ ဟောင်ကောင်၊ မကာအို ပင်လယ်ကွေ့ ဒေသကြီး စင်တာကို ရှင်ကျင့်မြို့တွင် တရားဝင် ဖွင့်လှစ်ခဲ့ကြောင်း၊ ပင်လယ်ကွေ့ ဒေသကြီး အသံ၏ မိုဘိုင်းဖုန်း မီဒီယာသစ် ပလက်ဖောင်းကို တစ်ပြိုင်တည်း အွန်လိုင်းတင်ခဲ့ကြောင်း China Media Groupမှ သတင်းအရ သိရသည်။

  တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့ အဖွဲ့ဝင်၊ ကွမ်တုန်းပြည်နယ် ပါတီ ကော်မတီ အတွင်းရေးမှူး လီရှီးသည် ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ပြီး တရုတ် ပြန်ကြားရေး ဝန်ကြီးဌာန ဒုဝန်ကြီး၊ China Media Group ဥက္ကဋ္ဌ ရှင့်ဟိုင်ရှုန်၊ ကွမ်တုန်း ပြည်နယ် ပါတီ ကော်မတီ ဒုအတွင်းရေးမှူး၊ ရှင်ကျင့်မြို့ ပါတီ ကော်မတီ အတွင်းရေးမှူး ဝမ်ဝေကျုံးနှင့် အတူ China Media Group၏ ကွမ်တုန်း၊ ဟောင်ကောင်၊ မကာအို ပင်လယ်ကွေ့ ဒေသကြီး စင်တာနှင့် ပင်လယ်ကွေ့ ဒေသကြီး အသံ အတွက် ဆိုင်းဘုတ်ချိတ်တင် ဖွင့်လှစ်ပေးခဲ့ကြကြောင်း သိရသည်။