梅皓

ဟုန်ချောဖိုရမ်တွင် ရရှိသော အကြံပြုချက်ကောင်းများသည် တံခါးဖွင့်မှုနှင့် ဆန်းသစ်တီထွင်မှု အင်အားကို စုစည်း

(GMT+08:00)2019-11-07 18:05:14  

  ယခုလ ၆ရက်နေ့က ရှန်ဟိုင်းတွင် ကျင်းပခဲ့သော ဟုန်ချော နိုင်ငံတကာ စီးပွားရေး ဖိုရမ်တွင် ပြည်တွင်းပြည်ပ ပုဂ္ဂိုလ် ၄၀၀ဝသည် စီးပွားရေး ဂလိုဘယ်လိုက်ဇေးရှင်း အားပေးထောက်ခံရေး၊ ဘက်ပေါင်းစုံ ကုန်သွယ်ရေး စနစ် ထိန်းသိမ်းကာကွယ်ရေးနှင့် ပတ်သက်၍ အကြံဥာဏ်ပေးကြကြောင်း၊ ယင်းဖိုရမ်နှင့် နိုင်ငံတကာ သွင်းကုန်ကုန်စည် ပြပွဲ ကျင်းပနေသော ကုန်သွယ်ရေး စေ့စပ်ဆွေးနွေးပွဲများသည် ”တံခါးဖွင့်မှု၊ ဆန်းသစ် တီထွင်ရေး၊ ပူးပေါင်းဆောင်ရွက်ရေးနှင့် အတူ အောင်မြင်မှု ရရှိရေး”ကို အားပေး ထောက်ခံသည့် အားကောင်းသော အသံထွက်နေကြောင်း China Media Groupက ဖော်ပြသည်။

  ဟုန်ချော နိုင်ငံတကာ စီးပွားရေး ဖိုရမ်သည် တစ်ကမ္ဘာလုံးတွင် နိုင်ငံရေး၊ စီးပွားကုန်သွယ်ရေးနှင့် ပညာရှင်လောကမှ အဆင့်မြင့် ဆွေးနွေးရေး ပလက်ဖောင်း တစ်ခု ဖြစ်ကြောင်း၊ ယင်းဖိုရမ်သည် စီးပွားကုန်သွယ်မှု လုပ်ကိုင်ဆောင်ရွက်ရေး အခြေအနေ၊ A.I.၊ ကမ္ဘာ့ ကုန်သွယ်ရေး အဖွဲ့ ပြုပြင်ပြောင်းလဲမှု၊ အွန်လိုင်း ကုန်သွယ်မှု၊ လူသား ကံကြမ္မာ အသိုက်အဝန်း အတူတည်ဆောက်ရေးစသည့် နယ်ပယ်များ အပေါ် အလေးထား အာရုံစိုက်နေကြောင်း၊ ယခုအကြိမ် ဖိုရမ်တွင် နာမည်ကျော်ကြားသည့် ပုဂ္ဂိုလ် ၆၀ကျော်ကို ဖိတ်ခေါ်ပြီး မိန့်ခွန်းပြောကြားကာ ကမ္ဘာ့ စီးပွားရေး စီမံခန့်ခွဲမှု စနစ် ပြုပြင်ပြောင်းလဲခြင်း အကြောင်းအရာများနှင့် ပတ်သက်ပြီး ဆွေးနွေး၍ ကမ္ဘာ့ စီးပွားရေး ရှင်သန်စွာ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အကြံပြုချက်ကောင်းများကို ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

  ယခု တရုတ် နိုင်ငံတကာ သွင်းကုန်ကုန်စည် ပြပွဲကို ကျင်းပလျက်ရှိကြောင်း၊ ယင်းကုန်စည်ပြပွဲသည် စီးပွားကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်ရေး ပလက်ဖောင်း တစ်ခု ဖြစ်သည့်အပြင်၊ နည်းလမ်းပေါင်းစုံဖြင့် သတင်းအချက်အလက်များ အတူမျှဝေခံစားရေးနှင့် ထင်မြင်ယူဆချက်နှင့် အိုင်ဒီယာများ ကူးလူးဖလှယ်ရေး ပလက်ဖောင်းတစ်ခုလည်း ဖြစ်ကြောင်း၊ သွင်းကုန်ကုန်စည်ပြပွဲ၏ ပြခန်းများနှင့် ဟုန်ချောဖိုရမ်တွင် တံခါးဖွင့်မှုနှင့် ဆန်းသစ်တီထွင်ရေးအား အားပေးထောက်ခံသည့် အသံများကို ကြားမိနိုင်ကြောင်း၊ ယင်းသည် ကိုယ်ကျိုးစီးပွားကာကွယ်ရေး ဝါဒကို ဆန့်ကျင်ရန်နှင့် စီးပွားရေး ဂလိုဘယ်လိုက်ဇေးရှင်းကို အားပေးထောက်ခံရန် အားကောင်းသော အင်အားဖြစ်ပြီး ကမ္ဘာ့ စီးပွားရေး နာလန်ပြန်ထူလာခြင်းနှင့် ရှင်သန်မှု ပြန်လည်ရရှိရေးကို တွန်းအားပေးမည် ဖြစ်ကြောင်းလည်း China Media Groupက ဖော်ပြသည်။