တရုတ်ပြည်၏ နိုင်ငံ အသီးသီးမှ ကုန်ပစ္စည်းများကို ဝယ်ယူရေးနှင့် နိုင်ငံ အသီးသီးကို အကျိုးစီးပွား ခံစားရရှိစေရေး ပလက်ဖောင်း ဖြစ်သည့် နိုင်ငံတကာ သွင်းကုန်ကုန်စည် ပြပွဲသည် တစ်ကမ္ဘာလုံးတွင် ဈေးကွက် တိုးပွားစေရန်နှင့် တရုတ်ပြည်၏ ဖွံ့ဖြိုးတိုးတက်ရေး အမြန်မောင်းရထားပေါ် နိုင်ငံ အသီးသီးက တက်နိုင်ရန် အတွက် အရေးကြီး အခွင့်ကောင်းများကို ဖန်တီးပေးနေကြောင်း၊ အတူမျှဝေခံစားရေးကို အမြုတေ ခံယူချက် အဖြစ် ထားသော သွင်းကုန် ကုန်စည်ပြပွဲသည် အထူးသဖြင့် ဖွံ့ဖြိုးဆဲ နိုင်ငံများ အတွက် ဖွံ့ဖြိုးပြီး နိုင်ငံများနှင့် အတူ တန်းတူညီမျှသော ပါဝင်ပြသရန် အခွင့်အခါကို ဖန်တီးပေးကြောင်း China Media Groupက ရေးသားဖော်ပြသည်။
တရုတ်ပြည်သည် တစ်ကမ္ဘာလုံးတွင် အကြီးမားဆုံး စားသုံးမှု ဈေးကွက် ရှိပြီး စားသုံးမှု အဆင့် တိုးမြင့်လာသည့် ရှေ့အလားအလာ သိသာထင်ရှားကြောင်း၊ ဒုတိယ အကြိမ် တရုတ် နိုင်ငံတကာ သွင်းကုန်ကုန်စည်ပြပွဲမှ ဖန်တီးပေးထားသော အပြန်အလှန် အကျိုးရှိစေရေး ပလက်ဖောင်းဖြင့် ဖွံ့ဖြိုးဆဲ နိုင်ငံများစွာသည် ၄င်းတို့နိုင်ငံများ၏ ထူးခြားချက်ရှိသော ကုန်ပစ္စည်းများ အတွက် တရုတ်ပြည်တွင် ကုန်သွယ်ရေး အခွင့်အလမ်းများကို ရှာကြံရရှိခဲ့ကြောင်း၊ တရားမျှတမှုနှင့် အကျိုးစီးပွား ဆိုင်ရာ မှန်ကန်သော အမြင် စွဲကိုင်ရန်၊ ဖွံ့ဖြိုးဆဲ နိုင်ငံများအား ကူညီပံ့ပိုးရန် တရုတ်ပြည်မှ မလျှော့သောဇွဲဖြင့် အားထုတ်ကြိုးပမ်းဆောင်ရွက်မှုကိုရော၊ ဖွံ့ဖြိုးဆဲ နိုင်ငံများနှင့် ဂလိုဘယ်လိုက်ဇေးရှင်း၏ အကျိုးစီးပွားအား အတူမျှဝေခံစားရရှိစေရန် တရုတ်ပြည်၏ စိတ်ကောင်းစေတနာကောင်းကိုရော၊ တရုတ်ပြည်ဟာ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ယုံကြည်စိတ်ချ ရသော မိတ်ဆွေနှင့် ရိုးသားဖြူစင်သော မိတ်ဖက်ဖြစ်သည်ကိုပါ ဖွံ့ဖြိုးဆဲ နိုင်ငံများသည် နက်နဲစွာ ခံစားသိရှိနိုင်ကြောင်း China Media Groupက ရေးသားဖော်ပြသည်။
ပိုပြီး တံခါးဖွင့်ထားသော တရုတ်ပြည်သည် တစ်ကမ္ဘာလုံးတွင် သက်ညှာ ထောက်ထားမှုနှင့် နိုင်ငံအသီးသီးအား အကျိုးစီးပွား ခံစားရရှိစေနိုင်သော ဖွံ့ဖြိုးတိုးတက်မှု ကို အဆက်မပြတ် တွန်းအားပေးမည် ဖြစ်ပြီး ဖွံ့ဖြိုးတိုးတက်ရေး အောင်မြင်မှုများကို ပိုမိုများပြားသော ဖွံ့ဖြိုးဆဲ နိုင်ငံများနှင့် ပြည်သူများအား ခံစားရရှိစေမည် ဖြစ်ကြောင်း China Media Groupက ရေးသားဖော်ပြသည်။