梅皓

ရှေ့ရှုချက် ၃ခုသည် တရုတ်-ပြင်သစ် ပူးပေါင်းဆောင်ရွက်ရေး အတွက် ဦးတည်ချက် ညွှန်ပြ

(GMT+08:00)2019-11-07 15:13:50  

  တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်က ယခုလ ၆ရက်နေ့က ပီကင်းတွင် တရုတ်ပြည်၌ တရားဝင် အလည်အပတ် ရောက်ရှိနေသော ပြင်သစ် သမ္မတ မာကရွန်နှင့် တွေ့ဆုံနှုတ်ဆက်ခဲ့ရာတွင် တရုတ်ပြည် အနေနှင့် ပြင်သစ်နှင့် အတူ ကမ္ဘာ၊ အနာဂတ်နှင့် ပြည်သူများကို ရှေ့ရှုပြီး တရုတ်-ပြင်သစ် ဘက်စုံ မဟာဗျူဟာ မိတ်ဖက် ဆက်ဆံမှုကို အဆင့်သစ်သို့ ရောက်ရှိရန် လက်တွဲ တွန်းအားပေးလိုပြီး တရုတ်-ပြင်သစ် ဆက်ဆံမှုကို နိုင်ငံကြီးများ၏ ဆက်ဆံမှုများတွင် ဆက်လက် ရှေ့ပြေးစေရန် ကြိုးပမ်းလိုကြောင်း ပြောကြားသည်။ ဥက္ကဋ္ဌ ရှီကျင့်ဖိန်၏ ပြောကြားချက်ပါ ”ကမ္ဘာ့ကိုရှေ့ရှုရေး”၊ ”အနာဂတ်ကို ရှေ့ရှုရေးနှင့် ပြည်သူများကို ရှေ့ရှုရေး”ဟူသော ရှေ့ရှုချက် ၃ခုသည် တရုတ်-ပြင်သစ် ဆက်ဆံမှု ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဦးတည်ချက်ကို ညွှန်ပြပေးပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး အတွက် မျှော်လင့်ချက်သစ်ကို ဆောင်ကြဉ်းလာကာ နှစ်နိုင်ငံ ပြည်သူများ၏ ကူးလူးဖလှယ်ရေး အတွက် အခွင့်ကောင်းသစ်များကို ဖန်တီးပေးနေကြောင်း China Media Groupက ဖော်ပြသည်။