邹立莹

အီရန်ရှိတရုတ်ကုန်သည်များအသင်းဥက္ကဋ္ဌက အီရန်ကုန်ပစ္စည်းများကို တရုတ် စားသုံးသူများကြိုက်နှစ် သက်လိမ့်မည်ဟု မျှော်လင့်

(GMT+08:00)2019-11-07 12:55:13  

ဒုတိယအကြိမ် တရုတ်နိုင်ငံတကာသွင်းကုန် ကုန်စည်ပြပွဲကို ယခုလ ၅ ရက်နေ့က ရှန်ဟိုင်းမြို့၌ ဖွင့်လှစ်ခဲ့ပြီး ဤအကြိမ်ကုန်စည်ပြပွဲသည် နိုင်ငံ၊ဒေသနှင့် နိုင်ငံတကာအဖွဲ့အစည်းစုစုပေါင်း ၁၈၁ ခု ပါဝင်ပြသခဲ့ကြောင်း၊ ၄င်းနိုင်ငံများအနက် ၆၄ နိုင်ငံသည် နိုင်ငံများဆိုင်ရာပြပွဲများ ကျင်းပကြောင်း၊ လုပ်ငန်းကုမ္ပဏီ ၃၈၀၀ သည် စီးပွားဖြစ်ပြပွဲများကို ကျင်းပကြောင်း၊ တရုတ်နိုင်ငံတကာသွင်းကုန် ကုန်စည်ပြပွဲ၏ စံချိန်သစ်ကို တင်နိုင်ခဲ့ကြောင်း၊ အီရန်ရှိတရုတ်ကုန်​သည်​များ​အ​သင်းဥက္ကဋ္ဌ ဟာရီရီက သတင်းထောက်နှင့် တွေ့ဆုံရာတွင် အီရန်နိုင်ငံသည် ပထမအကြိမ်အဖြစ်ဖြင့် ကုန်စည်ပြပွဲသို့ ၀င်ရောက်ပြသခြင်းဖြစ်ပြီး အီရန်ပစ္စည်များကို တရုတ်ဈေးကွက်သို့ ၀င်နိုင်အောင် တရုတ်စားသုံးသူများ ကြိုက်နှစ်သက်လိမ့်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။