邹立莹

ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးသည် ဖိလစ်ပိုင်နိုင်ငံအောက်လွှတ်တော် ဥက္ကဋ္ဌနှင့် တွေ့ဆုံ

(GMT+08:00)2019-11-05 13:07:16  

တာဝန်သက်တမ်းကုန်ဆုံးတော့းမည်ဖြစ်သည့် ဖိ​လစ်​ပိုင်​နိုင်​ငံ ဆိုင်ရာ တရုတ်သံအမတ်ကြီး ကျောက်ကျန့်ဟွာအတွက် ယခုလ ၄ရက်နေ့ ကျင်းပသည့် နှုတ်ဆက်ပွဲတွင် သံအမတ်ကြီး ကျောက်ကျန့်ဟွာသည်   ဖိလစ်ပိုင် အောက်လွှတ်တော် ဥက္ကဋ္ဌ Cayetano နှင့် တွေ့ဆုံခဲ့ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။

      ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ကျောက်ကျန့်ဟွာက နိုင်ငံတော်ဥက္ကဋ္ဌ ရှီကျင့်ဖိန်နှင့် သမ္မတဒူတာတေးတို့၏ လက်တွဲဦးဆောင်မှုကြောင့် တရုတ်-ဖိလစ်ပိုင် နှစ်နိုင်ငံ၏ ဆက်ဆံမှုပြန်လည်ကောင်းမွန် ခိုင်မာတိုးတက်လာပြီး တစ်ဆင့်ဖွံ့ဖြိုးတိုးတက်ရန် အရေးကြီး အခွင့်ကောင်းများရှိနေသည်ဟု ပြောကြားခဲ့ကြောင်း သတင်းအရ သိရပါသည်။