朱蕾

တတိယအကြိမ်မြောက် RCEP ခေါင်းဆောင်များအစည်းအဝေးသို့ လီခေ့ချန်တက်ရောက်

(GMT+08:00)2019-11-05 11:31:13  

တရုတ်နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီခေ့ချန်သည်၊ ယခုလ ၄ ရက်နေ့ ညက ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ ကျင်းပသည့် တတိယ အကြိမ်မြောက် ဒေသတွင်း ဘက်စုံ စီးပွားရေး မိတ်ဖက်ဆက်ဆံမှုသဘောတူစာချုပ် RCEP ခေါင်းဆောင်များအစည်းအဝေးသို့ တက်ရောက်ခဲ့ကြောင်း၊ အာဆီယံ ၁၀ နိုင်ငံ၊ တောင်ကိုရီးယား၊ ဂျပန်၊ သြစတြေးလျ၊ နယူးဇီလန် နှင့် အိန္ဒိယ စသည့် နိုင်ငံများမှ ထိပ်သီးခေါင်းဆောင်တို့သည်၊ ယင်းအစည်း အဝေးသို့ တက်ရောက်ခဲ့ကြကြောင်း ဆင်ဟွာသတင်းဌာနက ရေးသားဖော်ပြသည်။

နိုင်ငံအသီးသီးတို့မှ ခေါင်းဆောင်များသည်၊ RCEP စေ့စပ်ဆွေးနွေးမှုတွင် ရရှိခဲ့သော အရေးကြီး တိုးတက်မှုများအပေါ် တန်ဖိုးထားချီးကျူးခဲ့ကြသည်ဟု သတင်းအရသိရသည်။