辛甜

၃၅ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနှင့် အရှေ့အာရှပူးပေါင်းဆောင်ရွက်ရေး ခေါင်းဆောင်များအစည်းအဝေးများ ကျင်းပပြီးစီး

(GMT+08:00)2019-11-05 10:52:36  

   ၃၅ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနှင့် အရှေ့အာရှပူးပေါင်း ဆောင်ရွက်ရေး ခေါင်းဆောင်များအစည်းအဝေးများကို ယခုလ ၄ ရက်နေ့က ဘန်ကောက်မြို့၌ ကျင်းပပြီးစီးခဲ့ပါသည်။ အာဆီယံနိုင်ငံအသီးသီးနှင့် ၄င်းတို့၏ ဆွေးနွေးဘက်နိုင်ငံများသည် စိန်ခေါ်မှုများ အတူရင်ဆိုင်ရေး၊ ဆက်တိုက်ဖွံ့ဖြိုးမှု အကောင်အထည်ဖေါ်ရေး၊ ဒေသတွင်း စီးပွားရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး စသည့်ကိစ္စရပ်များနှင့် ပတ်သက်၍ဆွေးနွေးရာတွင် အောင်မြင်မှုများ ရရှိခဲ့ပြီး အဆင့်ပိုမိုမြင့်မားသော ဒေသတွင်း စီးပွားရေး တစ်ပြေးညီဖြစ်စေရေးကို ဖန်တီးရန်၊ အရှေ့အာရှပူးပေါင်းဆောင်ရွက်မှုတွင် ပိုမိုကြီးမားသော ဖွံ့ဖြိုးမှု ရရှိနိုင်ရန် တွန်းအားသစ် ထည့်သွင်းဖေါ်ဆောင်ကျင်းပနိုင်ခဲ့ကြောင်း ဆင်ဟွာသတင်းအရသိရပါသည်။