辛甜

အမေရိကန်သည် ထိုင်းကုန်ပစ္စည်း၅၀၀ကျော်အပေါ် GSP အကောက်ခွန်ဦးစားပေးမှုကို ဖျက်သိမ်း

(GMT+08:00)2019-11-01 12:01:05  

မကြာခင်က အမေရိကန်နိုင်ငံသည် ၂၀၂၀ ပြည့်နှစ် ဧပြီလကစပြီး ထိုင်းနိုင်ငံထုတ် ကုန်ပစ္စည်း ၅၀၀ ကျော်အပေါ် GSP အကောက်ခွန်ဦးစားပေးမှုကို ဖျက်သိမ်းရန် ရုတ်တရက် ကြေညာပြီး ယင်းလုပ်ရပ်ကြောင့် ထိုင်းနိုင်ငံ တင်ပို့ရောင်းချရေးဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၁၃၀၀ ကျော် နစ်နာဆုံးရှုံးစေမည်ဖြစ်ကြောင်း၊ အမေရိကန်ဘက်ကမူ ထိုင်းနိုင်ငံသည် လုပ်သားအခွင့်အရေး ထိန်းသိမ်းကာကွယ်ရေးဘက်တွင် နိုင်ငံတကာစံချိန်စံနှုန်း မမီသောကြောင့် ဒဏ်ခတ်ခြင်းဖြစ်သည်ဟု ဖေါ်ပြကြောင်း China Media Group မှ သတင်းအရသိရပါသည်။