辛甜

၁၁ကြိမ်မြောက်တရုတ်-အာဆီယံလူငယ်များအခြေစိုက်စခန်းနှင့် ၄ ကြိမ်မြောက် တရုတ်-အာဆီယံလူငယ်များထိပ်သီးအစည်းအဝေး ကျင်းပပြီးစီး

(GMT+08:00)2019-10-30 11:39:30  

图片默认标题_fororder_dongmeng

图片默认标题_fororder_dongmeng1

     ၇ ရက်ကြာကျင်းပခဲ့သော  ၁၁ကြိမ်မြောက်တရုတ်-အာဆီယံလူငယ်များ အခြေစိုက်စခန်းနှင့် ၄ ကြိမ်မြောက် တရုတ်-အာဆီယံလူငယ်များထိပ်သီးအစည်းအဝေးကို ယခုလ ၂၈ ရက်နေ့က ပေကျင်း၌ အောင်မြင်စွာ ကျင်းပပြီးစီးခဲ့သည်ဟု China Media Group မှ သတင်းအရသိရပါသည်။

     တရုတ်နှင့်အာဆီယံ ၁၀ နိုင်ငံမှ လူငယ်ကိုယ်စားလှယ်များသည် တရုတ်-အာဆီယံလူငယ်များကြေညာချက်ကို ဆွေးနွေးပြီး အတည်ပြုခဲ့ကြောင်း၊ ဒေသတွင်းလုံခြုံရေး၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး၊ သိပ္ပံနည်းပညာ ဆန်းသစ်တီထွင်ရေး၊ ပတ်ဝန်းကျင်အရင်းအမြစ်နှင့် လူငယ်ရေးရာ ဘက် ၅ ဘက်တွင် တရုတ်နှင့်အာဆီယံပူးပေါင်းဆောင်ရွက်မှုနှင့်ပတ်သက်၍ အကြံပြုချက်များတင်ပြခဲ့ ကြောင်းသိရပါသည်။

ပိတ်ပွဲအခမ်းအနားတွင် တရုတ်-အာဆီယံစင်တာအတွင်းရေးမှူးချုပ် ချင်တယ်ဟိုင် သည် ဧည့်သည်တော်အနေနှင့် ထူးချွန်သော လူငယ်ကိုယ်စားလှယ် ၅ ဦးအတွက် ဆုချီးမြှင့်ခဲ့ပါသည်။