邹立莹

တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်သည့် နှစ် ၇၀ ပြည့်မြောက်ခြင်း နှင့် ကမ္ဘာကြီးအာရုံစူးစိုက်သည့် တရုတ်ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်း နှီးနှောဖလှယ်ပွဲ ကျင်းပ

(GMT+08:00)2019-10-30 16:08:24  

တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်သည့် နှစ် ၇၀ ပြည့်မြောက်ခြင်း နှင့် ကမ္ဘာကြီးအာရုံစူးစိုက်သည့် တရုတ်ဖွံ့ဖြိုးတိုးတက်ခြင်းလမ်းကြောင်း နှီးနှောဖလှယ်ပွဲကို ယခုလ ၂၈ ရက်နေ့က ဘ​န်​ကောက်မြို့၌ ကျင်းပခဲ့ကြောင်း၊ ၄င်းနှီးနှောဖလှယ်ပွဲသည် China Media Group မှ CRI အာရှဌါနချုပ်၊ ထိုင်း-တရုတ်သတင်းထောက်များအသင်းနှင့် ထိုင်းနိုင်ငံအများပြည်သူ့ရေးရာ မီဒီယာဌါနများ ပူးတွဲပြုလုပ်ခြင်းဖြစ်ဆောင်ရွက်ခဲ့ကြောင်း၊ ထိုင်းနိုင်ငံဒုဝန်ကြီးချုပ်၊ ကုန်သွယ်ရေးဝန်ကြီး ကျူလင်၊ ထိုင်းနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး လျူကျန့်နှင့် ထိုင်း-တရုတ်နှစ်နိုင်ငံမှ နိုင်ငံရေး၊ မီဒီယာ၊ သုတေသနနှင့် လုပ်ငန်းကုမ္ပဏီမှ လူပုဂ္ဂိုလ် ၄၀၀ကျော် ၄င်းပွဲသို့ တက်ရောက်ခဲ့ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။

      ထိုင်းနိုင်ငံဒုဝန်ကြီးချုပ်၊ ကုန်သွယ်ရေးဝန်ကြီး ကျူလင်သည် တရုတ်ဖွံ့ဖြိုးခြင်း၊ ကမ္ဘာ့စံ​န​မူ​နာ နာမည်ဖြင့် မိန့်ခွန်းပြောကြားခဲ့ကြောင်း သတင်းအရ သိရပါသည်။