朱蕾

ဝမ်ယိသည် တရုတ်ဆိုင်ရာ အာဆီယံ ၁၀ နိုင်ငံမှ သံတမန်အရာရှိများနှင့် တွေ့ဆုံ

(GMT+08:00)2019-10-30 11:14:53  

တရုတ်နိုင်ငံတော်ကောင်စီဝင် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည်၊ ယခုလ ၂၉ ရက်နေ့ က ပီကင်းတွင် တရုတ်နိုင်ငံဆိုင်ရာ အာဆီယံ ၁၀ နိုင်ငံမှ သံတမန်အရာရှိများနှင့် တွေ့ဆုံခဲ့ သည်ဟု ဆင်ဟွာသတင်းအရ သိရသည်။

 ထိုသို့ တွေ့ဆုံခဲ့ရာ၌ ဝမ်ယိက တရုတ်နှင့် အာဆီယံနိုင်ငံများအနေနှင့်၊ တစ်​လှေ​တည်း​စီး​တစ်​​ခ​ရီး​တည်း​သွားသကဲ့သို့ စိန်ခေါ်မှုများကို အတူရင်ဆိုင်ကြရန်၊ လက်တွဲ ပူးပေါင်းဆောင်ရွက်ပြီး နိုင်ငံစုံဝါဒကို စွဲကိုင်ကြရန်နှင့် ပြေ​ပြစ်​ညီ​ညွတ်ပြီး ဒေသတွင်း ငြိမ်းချမ်းရေး ထိန်းသိမ်းကာကွယ်ကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

အာဆီယံ ၁၀ နိုင်ငံမှ သံတမန်အရာရှိများက ယခုနှစ် အရှေ့အာရှ ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ထိပ်သီးများအစည်းအဝေး အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် တရုတ်နှင့် နီးနီးကပ်ကပ် ကူးလူးဖလှယ်ပြီး ပူးပေါင်းဆောင်ရွက်သွားလိုကြောင်း ဖော်ပြခဲ့ကြ   သည်ဟု သတင်းအရသိရသည်။