辛甜

ဒုတိယအကြိမ်သွင်းကုန်ကုန်စည်ပြပွဲ အတိုင်းအတာနဲ့ကုန်ပစ္စည်းအရည်အသွေးမှာ ပထမအကြိမ်ထက် ပိုမိုမြင့်မား

(GMT+08:00)2019-10-29 10:51:54  

图片默认标题_fororder_jin

图片默认标题_fororder_jin1

ဒုတိယအကြိမ် သွင်းကုန်ကုန်စည်ပြပွဲဖွင့်လှစ်ဖို့ တစ်ပတ်မကြာတော့ပါဘူး။ ဒီတစ်ကြိမ်သွင်းကုန်ကုန်စည်ပြပွဲဟာ အတိုင်းအတာရော ကုန်ပစ္စည်းအရည်အသွေးပါ ပထမတစ်ကြိမ်ထက် ပိုမိုမြင့်မားကြောင်း စီစီတီဗွီသတင်း APP မှ သတင်းအရသိရပါတယ်။

ဒုတိယတစ်ကြိမ် သွင်းကုန်ကုန်စည်ပြပွဲတွင် နိုင်ငံတော်အထွေထွေပြပွဲ၊ လုပ်ငန်းကုမ္ပဏီကုန်သွယ်ရေးပြပွဲနဲ့ ဟုန်ချောင် နိုင်ငံတကာစီးပွားရေးဖိုရမ်တို့ ပါဝင်မှာဖြစ်ပါတယ်။ လက်ရှိအချိန်မှာ နိုင်ငံတော်အထွေထွေပြပွဲတွင် ၆၄ နိုင်ငံနဲ့ နိုင်ငံ တကာအဖွဲ့အစည်း ၃ ခု ပါဝင်ပြီး ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံရေးနယ်ပယ်က ဖွံ့ဖြိုးရေး အခြေအနေနဲ့အောင်မြင်မှုများကို ပြသမှာ ဖြစ်ပါတယ်။