辛甜

ဒုတိယအကြိမ်တရုတ်နိုင်ငံတကာသွင်းကုန်ကုန်စည်ပြပွဲကျင်းပတော့မည်၊ ပါဝင်ပြသသောကုန်သည်နှင့်ပရိသတ်ဦးရေမှာ ပထမအကြိမ်ထက်ပိုများ

(GMT+08:00)2019-10-22 15:11:12  

图片默认标题_fororder_jin3

图片默认标题_fororder_jin1

图片默认标题_fororder_jin2

图片默认标题_fororder_jin

     ဒုတိယအကြိမ် တရုတ်နိုင်ငံတကာသွင်းကုန်ကုန်စည်ပြပွဲကို နိုဝင်ဘာလ ၅ ရက်နေ့ တွင် ရှန်ဟိုင်းမြို့၌ ကျင်းပမည်ဖြစ်ပြီး လက်ရှိအချိန်တွင် ပြင်ဆင်ရေးလုပ်ငန်းအရပ်ရပ်ကို ချောမောစွာ ဆောင်ရွက်နေသည်ဟု စီစီတီဗွီသတင်း APP မှ သတင်းအရသိရပါသည်။ စီစီတီဗွီသတင်းထောက်သည် တရုတ်နိုင်ငံတကာသွင်းကုန်ကုန်စည်ပြပွဲရေးရာ ဦးစီးဌာနက ဒုညွှန်ကြားရေးမှူးချုပ် စွန်ချင်ဟိုင်ကို အင်တာဗျူးခဲ့ပါသည်။

စွန်ချင်ဟိုင်က ဒုတိယအကြိမ်သွင်းကုန်ကုန်စည်ပြပွဲသည် နိုင်ငံတော်အထွေထွေပြပွဲ၊ လုပ်ငန်းကုမ္ပဏီကုန်သွယ်ရေးပြပွဲနှင့် ဟုန်ချောင် နိုင်ငံတကာစီးပွားရေးဖိုရမ်တို့ဖြင့် ဖွဲ့စည်း ထားခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်အထွေထွေပြပွဲ၏ အကျယ်အဝန်းမှာ စတုရန်းမီတာ ၃ သောင်းရှိပြီး နိုင်ငံ ၆၀ ကျော် ပါဝင်ပြသမည်ဖြစ်ကြောင်း ပြောကြားသည်။