李悦

ကန် ဆိုင်ရာ တရုတ်သံတမန်အရာရှိများအပေါ် ကန့်သတ်ချက်များ ချက်ချင်းဖြုတ်ချရန် တရုတ် ပန်ကြား

(GMT+08:00)2019-10-19 16:30:13  

အမေရိကန်ဆိုင်ရာ တရုတ်သံတမန်အရာရှိများ၏ ပုံမှန်ရုံးလုပ်ငန်းရေးရာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အတားအဆီးထားရှိခြင်းနှင့် စပ်လျဉ်း၍ တုံ့ပြန်ပြောဆိုခဲ့ရာ၌၊ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကင်စွမ်က အမေရိကန်အနေနှင့် မှားယွင်းသော လုပ်ရပ်ကို ပြင်ဆင်ရန် ဖျောင်း​ဖျ​နား​ချ​သည့်အပြင်၊ တရုတ်ပြည်အနေနှင့် တန်းတူညီမျှသော အခြေခံပေါ်တွင် တို့ပြန်ပြုလုပ်မည်ဖြစ်ကြောင်း ယခုလ ၁၈ ရက်နေ့က ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ အလေးထားပြောကြားခဲ့သည်ဟု China Media Group မှသတင်းအရသိရသည်။