李悦

တရုတ်အနေနှင့်၊ နယ်ပယ်အသီးသီး၌ ဘရာဇီးနှင့် နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်လို သည်

(GMT+08:00)2019-10-19 16:30:39  

တရုတ်နိုင်ငံတော်ဥက္ကဋ္ဌ ရှီကျင့်ဖိန်၏ ဖိတ်ကြားချက်အရ၊ ဘရာဇီးနိုင်ငံ သမ္မတ Bolsonaro သည်၊ အောက်တိုဘာလ ၂၄ ရက်နေ့မှ ၂၆ ရက်နေ့အထိ တရုတ်ပြည်တွင် ခရီးလှည့်လည်မည်။ ၁၈ ရက်နေ့ ကျင်းပသည့် ပုံမှန်သတင်းစာ ရှင်းလင်းပွဲ၌ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကင်စွမ်က တရုတ်ပြည် အနေနှင့် ဘရာဇီး နိုင်ငံနှင့်အတူ ကြိုးပမ်းပြီး၊ နယ်ပယ်အသီးသီးမှ အပြန်အလှန်အကျိုးရှိ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကို ဘက်စုံနက်ရှိုင်းစေကာ၊ တရုတ်-ဘရာဇီး ဘက်စုံမဟာဗျူဟာ မိတ်ဖက်ဆက်ဆံမှု အဆက်မပြတ်တိုးတက်စေရန် တွန်းအားပေးလိုပါကြောင်း ပြောကြား ခဲ့သည်ဟု China Media Group မှသတင်းအရသိရသည်။