李悦

မက္ကရိုစီးပွားရေးစီမံကိန်း အကောင်အထည်ဖော်ဆောင်ရေးနိုင်စွမ်းရှိကြောင်း လျူဟို့ဆို

(GMT+08:00)2019-10-19 16:54:21  

“မက္ကရိုစီးပွားရေးစီမံကိန်း အကောင်အထည်ဖော်ဆောင်ရေးနိုင်စွမ်းကို တရုတ်ပြည် ရှိခြင်း”ဟူသော ခေါင်းစဉ်ဖြင့် ဆောင်းပါးတစ်ပုဒ်ကို China Media Groupက ယနေ့ ၁၉ ရက်နေ့က ရေးသားဖော်ပြပါသည်။

ယနေ့ ၁၉ ရက်နေ့တွင် ကျင်းပသော ၂၀၁၉ကမ္ဘာ့ VRလုပ်ငန်းအထွေထွေညီလာခံတွင် တရုတ်နိုင်ငံတော်ကောင်စီ ဒုဝန်ကြီးချုပ်လျူဟို့က မိန့်ခွန်းပြောကြားခဲ့ရာ၌ တရုတ်ပြည်၏ စီးပွားရေး ရေရှည်ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်ရေးအခြေအနေကို ပြောင်းလဲမည်မဟုတ် ကြောင်း၊ တရုတ်-အမေရိကန်စီးပွားကုန်သွယ်ရေးအချင်းပွားမှုဆိုင်ရာ ပြဿနာများနှင့် ရင်ဆိုင်ရာတွင် နယ်ပယ်အသီးသီးမှ လက်တွေ့ကျသော တိုးတက်အောင်မြင်မှုရရှိကြောင်း၊ မက္ကရိုစီးပွားရေးစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရန်အတွက် တရုတ်ပြည်က နိုင်စွမ်းနှင့် ယုံကြည်စိတ်အပြည့်အဝရှိကြောင်း ပြောကြားသည်ဟု ယင်းဆောင်းပါးတွင် ရေးသားဖော်ပြပါသည်။

တရုတ်-အမေရိကန်စီးပွားကုန်သွယ်ရေးအငြိမ်းပွားမှုကို အဆုံးသတ်စေရေးသည် တရုတ်နှင့်အမေရိကန်နိုင်ငံအတွက်ရော၊ တစ်ကမ္ဘာလုံးရှိနိုင်ငံအသီးသီးအတွက်ပါ အကျိုးရှိကြောင်း၊ ယင်းသည်လည်း တရုတ်နှင့်အမေရိကန်နှစ်ဖက်တို့က နောက်ဆုံးပေါ် ရရှိခဲ့သော သဘောတူညီမှုဖြစ်ကြောင်း၊ အနာဂတ်တွင် အခြေအနေ မည်သည့် ပြောင်းလဲမည်မဆို တရုတ်ပြည်အနေနှင့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်ပြီး မက္ကရို စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ကာ ပြည်တွင်း စီးပွားရေး ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်လာရေးအတွက် နိုင်စွမ်းနှင့် ယုံကြည်စိတ် အပြည့်အဝရှိကြောင်း ယင်းဆောင်းပါးတွင် ရေးသားဖော်ပြပါသည်။