李悦

အရှိန်မှန်မှန် တိုးတက်လျက်ရှိသည့် တရုတ်စီးပွားရေးသည်၊ အဟန့်အတားအနှောင့်အယှက် ကြောက်မည်မဟုတ်

(GMT+08:00)2019-10-19 16:30:59  

    တရုတ်နိုင်ငံတော်စာရင်းအင်းဌာနမှ ယခုလ ၁၈ရက်နေ့က ထုတ်ပြန်သည့် စာရင်း အရ ယခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ ၉ လကြာ ကာလအတွင်း တရုတ်နိုင်ငံ၏ GDPသည်၊ ယမန်နှစ် အလားတူ အချိန်ပိုင်းကထက် ၆.၂ ရာခိုင်နှုန်းတိုးလာခဲ့ပြီး၊ ကမ္ဘာ့အဓိက စီးပွားရေးအုပ်စုများ၌ တိုးတက်နှုန်းအများဆုံးနိုင်ငံဖြစ်ကြောင်းChina Media Group မှသတင်းအရ သိရသည်။

ယခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ တရုတ်စီးပွားရေးဖွဲ့စည်းမှုသည် အဆက်မပြတ် ပြီးပြည့်စုံ ကောင်းမွန်လာခဲ့ပြီး၊ ထုတ်လုပ်မှုသစ်၊ လုပ်ငန်းအခြေအနေသစ် နှင့် ကုန်သွယ်ရေးပုံစံသစ်များ အဆက်မပြတ် ပေါ်ထွန်းလာကာ၊ ပြည်သူ့ဝယ်လိုအား တိုးတက်လာခြင်းသည်၊ စီးပွားရေးဖွံ့ဖြိုးမှုအတွက် စွမ်းဆောင်မှုနှုန်းမှာ ၆၀.၅ ရာခိုင်နှုန်းဖြစ် သည်။ ယင်းသည်၊ တရုတ်ပြည်က ပြည်သူလူ​ထု​စား​ဝတ်​နေ​ရေးကောင်းမွန်စေခြင်းကို အဓိကထားဆောင်ရွက်ခဲ့သဖြင့်၊ စီးပွားရေးတိုးတက်မှု အားဖြည့်ဆောင်ရွက်ရေးအတွက် တွန်းအားများစွာ တည့်သွင်းခဲ့ခြင်းကို ပြဆိုနေသည်။