宋冉

တရုတ်-အာဆီယံပေတို၊GNSS(နန်နင်း)စင်တာဖွင့်လှစ်

(GMT+08:00)2019-10-18 11:40:31  

တရုတ်-အာဆီယံပေတို၊GNSS(နန်နင်း)စင်တာကို အောက်တိုဘာလ၁၇ရက်နေ့က ဖွင့်လှစ်ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ဂြိုဟ်တုnavigationပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ဆောင်ရွက်မည်ဖြစ်ကြောင်းတရုတ်သတင်းဌါနဝက်ဘ်ဆိုက်မှ သတင်းအရသိရပါသည်။

သက်ဆိုင်ရာစာရင်းအရ ၂၀၁၈ခုနှစ်က တရုတ်ဂြိုဟ်တုnavigationလုပ်ငန်း၏ အထွေထွေထုတ်လုပ်ရေးပမာဏသည် တရုတ်ယွမ်ငွေ ဘီလီယံ၃၀၀ကျော်ရှိပြီး တရုတ်ပြည်သည် နိုင်ငံနှင့်နိုင်ငံတကာအဖွဲ့အစည်း၃၀နှင့်အတူ ဂြိုဟ်တုnavigation ပူးပေါင်းဆောင်ရွက်ရေးစနစ်ကို ဖွဲ့စည်းတည်ထောင်ခဲ့ပြီဖြစ်ကြောင်း သတင်းရရှိပါသည်။