朱蕾

ကန် ဆိုင်ရာ တရုတ်သံတမန်အရာရှိများ၏ ပုံမှန်ရုံးလုပ်ငန်းများအတွက် အတားအဆီး ကန် ထားရှိခြင်းအပေါ် တရုတ်က တည်ကြည်လေးနက်စွာ အရေးဆိုကန့်ကွက်

(GMT+08:00)2019-10-18 14:43:22  

တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကင်စွမ်က၊ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနသည်၊ အမေရိကန်ဆိုင်ရာ တရုတ်သံတမန်အရာရှိများ၏ ပုံမှန်ရုံး လုပ်ငန်းဆိုင်ရာ လှုပ်ရှားမှုများအတွက် အတားအဆီးထားရှိခြင်းနှင့် စပ်လျဉ်း၍ တရုတ်ဘက်မှ ကန့်ကွက်ပြီး အမေရိကန်ဘက်အား တည်ကြည်လေးနက်စွာ အရေးဆို ခဲ့ပြီဖြစ်ကြောင်း  ယခုလ ၁၇ ရက်နေ့က ကျင်းပသည့် ပုံမှန်သတင်းစာ ရှင်းလင်းပွဲ၌ ထုတ်ဖော်ပြောကြားခဲ့သည်ဟု China Media Group မှ သတင်းအရသိရသည်။

အမေရိကန်နိုင်ငံဆိုင်ရာ တရုတ်သံတမန်အရာရှိများအနေနှင့်၊ အမေရိကန်အရာရှိများ နှင့် မတွေ့ဆုံမီတွင်၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနအား ကြိုတင် အကြောင်းကြားသင့် ဟု အမေရိကန်ဘက်မှ ဆုံးဖြတ်ခဲ့သည်။ ယင်းနှင့် စပ်လျဉ်း၍၊ ကင်စွမ်က အမေရိကန် အနေနှင့် မိမိ၏ မှားယွင်းသော လုပ်ရပ်ကို ပြင်ဆင်ပြီး သက်ဆိုင်ရာ ဆုံးဖြတ်ချက်ကို ​​​ဖြုတ်​ချကာ၊ အမေရိကန်ဆိုင်ရာ တရုတ်သံတမန် အရာရှိများ၏ ပုံမှန်ရုံးလုပ်ငန်းများကို တွင်ကျယ်လွယ်ကူစေပြီး အားပေးထောက်ခံရန် ပန်ကြားခဲ့သည်ဟု သတင်းအရသိရသည်။