宋冉

“လှပသည့်တရုတ်ပြည်” ခရီးသွားမိတ်ဆက်ခြင်းလှုပ်ရှားမှု ဘန်ကောက်မြို့၌ ကျင်းပ

(GMT+08:00)2019-10-18 11:39:27  

အောက်တိုဘာလ၁၇ရက်နေ့က တရုတ်ယဉ်ကျေးမှုနှင့်ခရီးသွားဝန်ကြီးဌါနမှ ကြီးမှူးကျင်းပသော “လှပသည့်တရုတ်ပြည်” ခရီးသွားမိတ်ဆက်ပွဲကို ထိုင်းနိုင်ငံဘန်ကောက်မြို့၌ ကျင်းပခဲ့ကြောင်း၊ ယခုအကြိမ်လှုပ်ရှားမှုသည် ထိုင်းနိုင်ငံမှ ခရီးသွားလုပ်ငန်းများအား တရုတ်နိုင်ငံပြည်နယ်၁၀ခုမှ ကောင်းမွန်သော ခရီးသွားလမ်းကြောင်းများကို မိတ်ဆက်ပြီး ထိုင်းနိုင်ငံ၏ ခရီးသွားဈေးကွက်တွင် “လှပသော တရုတ်ပြည်”အဖြစ်ပုံသွင်းစေကာ တရုတ်-ထိုင်းနှစ်နိုင်ငံတို့မှ ခရီးသွားလုပ်ငန်းကုမ္ပဏီများအတွက် သတင်းအချက်အလက်ကူးလူးဖလှယ်ရေး၊ လေ့လာဆွေးနွေးရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာပလက်ဖောင်းကို ဖန်တီးပေး၍ တရုတ်ပြည်၏ယဉ်ကျေးမှုနှင့်ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအောင်ကျိုးရလဒ်များကို ပြသရန်ရည်ရွယ်ထားခြင်းဖြစ်ကြောင်း China Media Groupမှ သတင်းအရသိရပါသည်။