朱蕾

ဥရောပသမဂ္ဂမှ ဗြိတိန်နုတ်ထွက်ခြင်းနှင့် ပတ်သက်၍ မရေမရာဖြစ်နေသေး

(GMT+08:00)2019-10-18 11:48:25  

မကြာခင်က ဥရောပသမဂ္ဂကော်မတီနှင့် ဗြိတိန်နိုင်ငံအစိုးရမှ သတင်းထွက်လာပြီး၊ နှစ်ဦးနှစ်ဖက်တို့အနေနှင့် ဥရောပသမဂ္ဂမှ ဗြိတိန်နိုင်ငံနုတ်ထွက်ခြင်းဆိုင်ရာ သဘောတူ စာချုပ်ကို ချုပ်ဆိုကြကြောင်းဖော်ပြခဲ့သည်။ သို့သော် ဥရောပသမဂ္ဂနှင့် ဗြိတိန်တို့အနေနှင့်၊ ဤအချိန်တွင် သက်ဆိုင်ရာ သဘောတူစာချုပ် ချုပ်ဆိုကြခြင်းသည်၊ မိမိတို့၏ လိုအပ်ချက် များအပေါ် မူတည်ပြီး ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။ ဥရောပသမဂ္ဂ အနေနှင့်၊ ”သဘောတူ စာချုပ်မပါဘဲ၊ ဥရောပသမဂ္ဂမှ ဗြိတိန်နိုင်ငံနုတ်ထွက်ခြင်း”ကို ရှောင်ရှားဖို့ဖြစ် သကဲ့သို့၊ ဗြိတိန်နိုင်ငံ အနေနှင့်၊ ”ဥရောပသမဂ္ဂမှ နုတ်ထွက်ခြင်း” အချိန်ကို နောက်တစ်ကြိမ် ရွှေ့ဆိုင်းခြင်း ကိုတတ်နိုင်သမျှရှောင်ရှားနေခြင်းဖြစ်သည်။ ယင်းနုတ်ထွက်ခြင်း သဘောတူစာချုပ်သည်၊ အချိန်မီအောင် ချုပ်ဆိုခြင်းဖြစ်ပြီး၊ ဗြိတိန်က ဥရောပသမဂ္ဂမှ နုတ်ထွက်ခြင်းသည်၊ မရေမရာ အပြောင်းအလဲနှင့် ရင်ဆိုင်နေရသေးကြောင်းသိရသည်။