邹立莹

ထိုင်းနိုင်ငံ Similan ကျွန်းစု ပြန်လည်ဖွင့်လှစ်

(GMT+08:00)2019-10-17 14:43:35  

ထိုင်းနိုင်ငံ Similan ကျွန်းစုအမျိုးသားဥယျာဉ်၏ ၀က်ဘ်ဆိုက်မှ သတင်းအရ ရေ​ငုပ်​ခြင်းအများဆုံးပြုလုပ်သည့် Similan ကျွန်းစုကို ယခုနှစ် မေလ ၁၆ရက်နေ့မှ အောက်တိုဘာလ ၁၄ ရက်နေ့အထိ သဘာဝပတ်ဝန်းကျင်ပြန်လည်ကောင်းမွန်စေရေးနှင့် ဇီ​ဝ​လက္ခ​ဏာများ ပြန်လည်ရရှိရေးအတွက် ယာယီပိတ်ထားရာမှ အောက်တိုဘာလ ၁၅ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ကြောင်း၊ ပြန်လည်ဖွင့်လှစ်သောကာလမှာ ၈ လကြာမည်ဖြစ်ကာ ၂၀၂၀ခုနှစ် မေလ ၁၅ ရက်နေ့အထိဖြစ်ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။

ပြီးခဲ့သည့်နှစ်များက ခရီးသွားလာရေးလှုပ်ရှားမှုတွင်  ကျောက်​ခက်များ၊ ရေ​တွင်​ပေါက်​သော​ရုက္ခ​ပင်၊ရေ​နေ​သတ္တ​ဝါ နှင့် ကျွန်းစုဇီ​ဝ​လက္ခ​ဏာပတ်ဝန်းကျင် ပြင်ဆင်မှုပြည့်စုံ       ကောင်း မွန်မှုမရှိခဲ့သည့်အတွက် ဤအကြိမ်ပြန်လည်ဖွင့်လှစ်ခြင်းတွင် နေ့စဉ် ခရီးသည်     အများဆုံး ၃၈၅၀ ဦးကို လက်ခံမှာဖြစ်ပြီး ရေ​ငုပ်​အစီအစဉ်ကတော့ နေ့စဉ် အများဆုံးလူ ၅၂၅ ဦး လက်ခံနိုင်မည်ဖြစ်ကြောင်း သတင်းအရ သိရပါသည်။