李悦

တရုတ်-အိန္ဒိယထိပ်သီးအစည်းအဝေး ဒုတိယအကြိမ်အလွတ်သဘောတွေ့ဆုံပွဲကို ရှီကျင့်ဖိန်တက်ရောက်မည်

(GMT+08:00)2019-10-09 16:21:33  

အိန္ဒိယဝန်ကြီးချုပ်မိုဒီနှင့် နီပေါသမ္မတ ဘန်ဒါရီတို့၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံ တော်ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် အောက်တိုဘာလ ၁၁ ရက်နေ့မှ ၁၃ ရက်နေ့အထိ အိန္ဒိယ နိုင်ငံတွင်ကျင်းပတော့မည့် တရုတ်-အိန္ဒိယထိပ်သီးအစည်းအဝေး ဒုတိယအကြိမ် အလွတ်သဘောတွေ့ဆုံပွဲကို တက်ရောက်မည့်အပြင် နီပေါနိုင်ငံတွင် တရားဝင် ခရီးလှည့်လည်မည်ဖြစ်ကြောင်းလည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဟွာ့ချွင်းယဉ်က ယနေ့ ၉ ရက်နေ့တွင် ပြောကြားသည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။