梅皓

ရှီကျင့်ဖိန်နှင့် ပါကစ္စတန် ဝန်ကြီးချုပ် Imran Khan တွေ့ဆုံနှုတ်ဆက်

(GMT+08:00)2019-10-09 16:07:30  

  တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ယခုလ ၉ရက်နေ့က ပီကင်းတွင် အလည်အပတ် ရောက်ရှိနေသော ပါကစ္စတန် ဝန်ကြီးချုပ် Imran Khanနှင့် တွေ့ဆုံ နှုတ်ဆက်ခဲ့ကြောင်း China Media Groupမှ သတင်းအရ သိရသည်။

  ထိုသို့တွေ့ဆုံနှုတ်ဆက်ရာတွင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်က တရုတ်နှင့် ပါကစ္စတန်တို့သည် ထာဝစဉ် မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက် ဖြစ်ကြောင်း၊ နိုင်ငံတကာနှင့် ဒေသတွင်း အခြေအနေ မည်သို့ ပြောင်းလဲသည် ဖြစ်စေ၊ တရုတ်-ပါကစ္စတန် ချစ်ကြည်ရေးသည် ကျောက်ဆိုင်ကျောက်သား ပမာ အလွန်ခိုင်မာကြောင်း၊ တရုတ်- ပါကစ္စတန် ပူးပေါင်းဆောင်ရွက်ရေးသည် ခွန်အားရှိတဲ့ ရှင်သန်မှု တစ်လျှောက်လုံး ရှိပြီး နှစ်နိုင်ငံတို့သည် ၄င်းပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းတိုးပွားလာအောင် အဆက်မပြတ် ကြိုးပမ်းဆောင်ရွက်ကြကြောင်း ပြောကြားသည်။

  ဝန်ကြီးချုပ် Imran Khanက တရုတ်ပြည်သည် ထူးကဲသော ဖွံ့ဖြိုးတိုးတက်ရေး အောင်မြင်မှုများ ရရှိခဲ့ကြောင်း၊ တရုတ်ပြည်၏ မိတ်ဆွေကောင်း ဖြစ်သည့် အနေနှင့် ပါကစ္စတန်နိုင်ငံသည် အလွန် ဝမ်းသာမိကြောင်း၊ တရုတ်ပြည်မှ အခြေခံမူကို စွဲကိုင်ပြီး တရားမျှတမှုကို ထိန်းသိမ်းကာကွယ်ကာ ပါကစ္စတန်ကို အမြဲတမ်း ခိုင်မာပြတ်သားစွာ အားပေးထောက်ခံပြီး ကိုယ်ကျိုးမငဲ့ ကူညီပံ့ပိုးမှု အပေါ် ပါကစ္စတန်သည် ကျေးဇူးတင်ရှိကြောင်း၊ တရုတ်ပြည်သည် ပါကစ္စတန်၏ ထာဝစဉ် မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက် ဖြစ်ပြီး ပါကစ္စတန်-တရုတ် ချစ်ကြည်ရေးသည် နှစ်နိုင်ငံ ပြည်သူများ၏ စိတ်ထဲတွင် စွဲစွဲမြဲမြဲကြီး အမြစ်တွယ်၍ နေကြောင်း ပြောကြားသည်။