邹立莹

စတုတ္ထအကြိမ် တရုတ်-အလယ်နှင့် အရှေ့ဥရောပနိုင်ငံများ ဆန်းသစ်တီထွင်မှု ပူးပေါင်းဆောင်ရွက်ရေးအစည်းအဝေးကို ဆာဗီးယားနိုင်ငံ၌ ကျင်းပ

(GMT+08:00)2019-10-09 15:16:47  

စတုတ္ထအကြိမ် တရုတ်-အလယ်နှင့် အရှေ့ဥရောပနိုင်ငံများ ဆန်းသစ်တီထွင်မှု ပူးပေါင်းဆောင်ရွက်ရေးအစည်းအဝေးကို ယခုလ ၈ ရက်နေ့က ဆာဗီးယားနိုင်ငံ၌ ကျင်းပခဲ့ကြောင်း၊ ၄င်းအစည်းအဝေးတွင် “တရုတ်-အလယ်နှင့် အရှေ့ဥရောပနိုင်ငံများ ဘဲဂရိတ် တီထွင်ဖန်တီးမှုပူးပေါင်းဆောင်ရွက်ရေး ကြေညာချက်” ကို အတည်ပြုပြီး “17+1”ပူးပေါင်းဆာင်ရွက်ရေး စနစ်တွင် ပါဝင်ကြသော နိုင်ငံများအတွက် တီထွင်ဖန်တီးမှုဖြင့် ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးရန် တိုရည်မှန်းချက်ကို ချမှတ်ခဲ့ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။

      ယင်သည် ကျင်းပသည့်ပထမအကြိမ် ဂရိနိုင်ငံပါဝင်ခဲ့သည့်နောက်ပိုင်းတွင် တရုတ်-အလယ်နှင့် အရှေ့ဥရောပနိုင်ငံများပူးပေါင်းဆောင်ရွက်ရေးစနစ်၌ ဆန်းသစ် တီထွင်မှုပူးပေါင်းဆောင်ရွက်ရေးအစည်းအဝေးဖြစ်ကြောင်း သတင်းအရ သိရပါသည်။