徐敏霞

နှစ် ၇၀ အတွင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ပညာရေး ဓာတ်ပုံပြပွဲ စင်ကာပူ၌ ကျင်းပ

(GMT+08:00)2019-10-05 10:28:31  

 နှစ် ၇၀ အတွင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ပညာရေး ဓာတ်ပုံပြပွဲ ဖွင့်ပွဲအခမ်းအနားကို ယခုလ ၄ ရက်နေ့က စင်ကာပူနိုင်ငံ၌ ကျင်းပခဲ့ကြောင်း၊ စင်ကာပူ ကုန်သွယ်မှု၊ စက်မှု ဝန်ကြီးဌာနနှင့် ပညာရေး ဝန်ကြီးဌာန ခေါင်းဆောင် ချီဟွန်တာ၊ စင်ကာပူနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ဟုန်ရှောင်ယုံ အပါအဝင် တရုတ်နှင့် စင်ကာပူ အလွှာပေါင်းစုံမှ ပုဂ္ဂိုလ် ၂၀၀ ကျော်၊ စင်ကာပူနိုင်ငံဆိုင်ရာ နိုင်ငံအသီးသီးမှ သံအမတ်ကြီးများသည် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြကြောင်း China Media Group မှ သတင်း အရ သိရပါသည်။