徐敏霞

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ တည်ထောင်သည့် နှစ် ၇၀ ပြည်မြောက်ခြင်းကို တူရကီ အလွှာပေါင်းစုံတို့ ထောမနာ ပြုကြသည်

(GMT+08:00)2019-10-05 10:29:21  

图片默认标题_fororder___172.100.100.3_temp_9500033_1_9500033_1_1_67b4682c-83d5-4da6-9ee0-b93181b2cf37

တရုတ် ပြည်သူ့ သမ္မတ နိုင်ငံ တည်ထောင်သည့် နှစ် ၇၀ ပြည့်မြောက်ခြင်း အထိမ်းအမှတ် အခမ်းအနားများသည် ယခု ကမ္ဘာ့နိုင်ငံအသီးသီးမှ ပြည်သူများ အာရုံစူးစိုက်ရာ ဖြစ်လာပါသည်။ တူရကီ နိုင်ငံ အလွှာပေါင်းစုံတို့သည် နှစ် ၇၀ အတွင်း တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ ရရှိသည့် တိုးတက်အောင်မြင်မှုများကို ချီးကျူး ထောမနာ ပြုကြသည်ဟု China Media Group မှ သတင်း အရ သိရပါသည်။

အစ္စတန်ဘူးလ် ကော့ခ်ျ တက္ကသိုလ်မှ တရုတ်ရေးရာ ကျွမ်းကျင်ပညာရှင် ပါမောက္ခ အာတာအီ အာတီက၊ ၁၉၄၉ ခုနှစ်က တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ တည်ထောင်သည့် နောက်ပိုင်း တရုတ်ကွန်မြူနစ်ပါတီ၏ ခေါင်းဆောင်မှုဖြင့် တရုတ်ပြည်သူများသည် စီးပွါးရေးဆိုင်ရာ အံ့ဖွယ်ရာများကို ဖန်တီးနိုင်ခဲ့ကြောင်း၊ ယခု တရုတ်နိုင်ငံသည် ကမ္ဘာ့ ဒုတိယ အကြီးဆုံး စီးပွါးရေးအုပ်စု ဖြစ်လာပြီ ဖြစ်ကြောင်း ပြောကြားပါသည်။