徐敏霞

ထိုင်း အဓိကမီဒီယာများသည် တရုတ် အမျိုးသားနေ့ အထိမ်းအမှတ် အခမ်းအနားများကို အချိန်နှင့်တစ်ပြေညီ ထုတ်လွှင့်

(GMT+08:00)2019-10-05 10:27:52  

ယခုလ ၁ ရက်နေ့က တရုတ်ပြည်သူ့ သမ္မတနိုင်ငံ တည်ထောင်သည့် နှစ် ၇၀ ပြည့်မြောက်ခြင်း အထိမ်းအမှတ် ညီလာခံ၊ ဗိုလ်ရှုသဘင်ပွဲနှင့် ပြည်သူလူထုများ ညပဒေသာကပွဲများကို ပီကင်း ထျန်းအန်းမင် ရင်ပြင်ကြီး၌ ခမ်းနားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း၊ ထိုင်းနိုင်ငံ MCOT ၊ ရုပ်မြင်သံကြားဌာန TNN24 စသည့် အဓိက မီဒီယာများသည် ရုပ်မြင်သံကြား၊ ဝက်ဘ်ဆိုဒ်၊ လူမှုကွန်ရက် စသည့် ပလက်ဖေါင်းများဖြင့် တရုတ်နိုင်ငံ၏ အထိမ်းအမှတ် အခမ်းအနားများကို အချိန်နှင့် တစ်ပြေးညီ ထုတ်လွှင့်ခဲ့ကြောင်း China Media Group မှ သတင်း အရ သိရပါသည်။