辛甜

တရုတ်ဆင်းရဲမှုလျှော့ချရေးအတွေ့အကြုံသည် တစ်ကမ္ဘာလုံး ဆင်းရဲမှုလျှော့ချရေးလုပ်ငန်း အတွက် အကျိုးဆောင်

(GMT+08:00)2019-10-04 13:32:17  

       ယခုလ ၄ ရက်နေ့က China Media Group သည် တရုတ်ဆင်းရဲမှုလျှော့ချရေးအတွေ့အကြုံ တစ်ကမ္ဘာလုံး ဆင်းရဲမှုလျှော့ချရေးလုပ်ငန်း အတွက် အကျိုးဆောင် ဟူသော ဝေဖန်သုံးသပ်ရေးဆောင်းပါးကို ထုတ်ပြန်ခဲ့သည်။

     တရုတ်ပြည်သူ့သမ္မတနိုင်ငံတည်ထောင်ခြင်း နှစ် ၇၀ ပြည့်မြောက်သည့် အခါသမယတွင် မျိုးစပ်စပါး၏ ဖခင် ဟု အခေါ်အဝေါ်ရှိသော အသက် ၉၀ အရွယ်ရှိ လယ်ယာစိုက်ပျိုးရေး သိပ္ပံပညာရှင် ယွမ်လုံဖိန်သည် သမ္မတဂုဏ်ထူးဆောင်တံဆိပ် ကို ချီးမြှင့်ခံရကြောင်း၊  တရုတ်နိုင်ငံသည် တစ်ကမ္ဘာလုံး စိုက်ပျိုးမြေ၏ ၉ ရာခိုင်နှုန်းဖြင့် တစ်ကမ္ဘာလုံး လူဦးရေ၏ ၂၀ ရာခိုင်နှုန်းကို ကျွေးမွေးခဲ့ပြီး စားနပ်ရိက္ခာထုတ်လုပ်မှုပမာဏမှာ ကမ္ဘာ့ပထမနေရာတွင် နှစ်ပေါင်းများစွာ ဆက်တိုက်တည်ရှိကြောင်း၊ နှစ် ၇၀ အတွင်း တရုတ်နိုင်ငံသည် ဆင်းရဲသူဦးရေ စုစုပေါင်း သန်း ၈၅၀ ကျော်ကို လျှော့ချခဲ့ပြီး စီမံကိန်းအရ လာမည့်နှစ်တွင် ဆင်းရဲမှုအခြေခံအားဖြင့် ပပျောက်သော ရည်မှန်းချက်ကို အကောင်အထည်ဖေါ်မည်ဖြစ်ကြောင်း ယင်းဆောင်းပါးတွင် ရေးသားထားပါသည်။

     ကမ္ဘာ့အကြီးဆုံး ဖွံ့ဖြိုးဆဲနိုင်ငံအနေနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတည်ထောင်သည့်  နှစ် ၇၀ အတွင်း ဆင်းရဲမှု လျှော့ချရေးအောင်မြင်မှုများသည် တစ်ကမ္ဘာလုံး ဆင်းရဲမှုလျှော့ချရေးဖြစ်စဉ်ကို လျင်မြန်စေခဲ့ကြောင်း၊ တရုတ်နိုင်ငံသည် ကုလသမဂ္ဂ ဆင်းရဲမှုလျှော့ချရေးရည်မှန်းချက်ကို ရှေးဦးစွာ အကောင်အထည်ဖေါ်ရုံသာမက အာရှ အာဖရိကနှင့် လက်တင်အမေရိကနိုင်ငံများအတွက် နိုင်ငံရေးချွင်းချက်မရှိသော ထောက်ပံ့ကူညီမှုများကိုလည်း တတ်နိုင်သမျှ ပံ့ပိုး ပေးခဲ့ကြောင်း၊ တရုတ် ဆင်းရဲမှု လျှော့ချရေးစတိုင်နှင့် အတွေ့အကြုံများသည် တစ်ကမ္ဘာလုံး ဆင်းရဲမှု လျှော့ချရေးလုပ်ငန်းအတွက် တရုတ်ဥာဏ်ပညာနှင့် တရုတ်နည်းလမ်းများကို ပံ့ပိုးပေးခဲ့ကြောင်း ယင်းဆောင်းပါးထဲတွင် ရေးသားဖေါ်ပြထားပါသည်။