宋冉

ဂျပန် ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် China Media Groupမှ သတင်းထောက်များနှင့် တွေ့ဆုံ၊ ဥက္ကဋ္ဌ ရှီကျင့်ဖိန်၏ ဂျပန် ခရီးစဉ်သည် နှစ်နိုင်ငံ ဆက်ဆံမှု အခန်းဏ္ဍသစ် ဖွင့်လှစ်ရန် စောင့်မျှော်

(GMT+08:00)2019-10-03 17:39:15  

အောက်တိုဘာလ၂ရက်နေ့ညနေပိုင်းက ဂျပန်နိုင်ငံ တိုကျိုမြို့၌ China Media Groupမှ သတင်းထောက်များနှင့် တွေ့ဆုံရာ၌ ဂျပန် ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက၊ ဂျပန်ပြည်သူများ ကိုယ်စား တရုတ်ပြည်သူ့ သမ္မတနိုင်ငံ တည်ထောင်သည့် နှစ်၇၀ ပြည့်မြောက်ခြင်းကို စိတ်ရင်းစေတနာဖြင့် ထောမနာ ပြုပြီး အနာဂတ် ဂျပန်-တရုတ် ဆက်ဆံမှု ပိုမို ခိုင်မြဲရန် မျှော်လင့်ကြောင်း ပြောကြားပါသည်။  ဥက္ကဋ္ဌ ရှီကျင့်ဖိန်၏၂၀၂၀ပြည့်နှစ် နွေဦးရာတီတွင် ဂျပန် ခရီးစဉ်နှင့် ပတ်သက်၍ ရှင်ဇိုအာဘေးက၊ ဂျပန်ပြည်သူများသည် ရှီကျင့်ဖိန်၏ ခရီးစဉ်ကို စောင့်မျှော်ပြီး ယင်းခရီးစဉ် ချောမော အောင်မြင်ရန် ဆုတောင်းပါကြောင်း ပြောကြားပါသည်။

ရှင်ဇိုအာဘေးက ဂျပန်ပြည်သူများ ကိုယ်စား တရုတ်ပြည်သူ့ သမ္မတနိုင်ငံ တည်ထောင်သည့် နှစ်၇၀ပြည့် အထိမ်းအမှတ် ညီလာခံနှင့် ပြည်သူလူထုများ ပဒေသာကပွဲကို တရုတ်နိုင်ငံက အောင်မြင်စွာ ကျင်းပခဲ့ခြင်း အပေါ် ထောမနာ ပြုပါကြောင်း ပြောကြားခဲ့ပါသည်။

ဂျပန်-တရုတ် ဆက်ဆံမှုနှင့် ပတ်သက်၍ ရှင်ဇိုအာဘေးက၊ ဂျပန်နှင့် တရုတ် နှစ်နိုင်ငံတို့သည် ၁၉၇၂ခုနှစ်က သံတမန်ဆက်ဆံမှု ပြန်လည် ထားရှိ ခဲ့သည့် နောက်ပိုင်း နှစ်နိုင်ငံဆက်ဆံမှုသည် လျင်မြန်စွာ တိုးတက်လာပြီး နှစ်နိုင်ငံပြည်သူများအကြား အပြန်အလှန် နားလည်းမှု အဆက်မပြတ် နက်ရှိုင်းလာကြောင်း၊ နှစ်နိုင်ငံ စီးပွားကုန်သွယ်ရေး ကူးလူးဖလှယ်မှုသည်လည်း ပိုမို ရင်းနှီး လာပြီး ယင်း အရှိန်ကောင်းကို ဆက်လက် ထိန်းသိမ်း ရမည် ဖြစ်ကြောင်း ပြောကြားပါသည်။