辛甜

စည်းလုံးညီညွတ်ပြီးကြိုးပမ်းအားထုတ်သော တရုတ်စိတ်ဓါတ်သည် တရုတ်အံ့ချီးဖွယ်ရာကို ဖန်တီး

(GMT+08:00)2019-10-02 14:50:54  

     China Media Group သည် ယခုလ ၂ ရက်နေ့က စည်းလုံးညီညွတ်ပြီးကြိုးပမ်းအားထုတ်သော တရုတ်စိတ်ဓါတ်သည် တရုတ်အံ့ချီးဖွယ်ရာကို ဖန်တီး ဟူသော ဝေဖန်ရေးဆောင်းပါးကို ထုတ်ပြန်ခဲ့ပါသည်။

   အောက်တိုဘာလ ၁ ရက်နေ့က တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်သည့် နှစ် ၇၀ ပြည့်မြောက်ခြင်းကို အထိမ်းအမှတ်ပြုရန် ပေကျင်း ထျန်းအန်းမင်ရင်ပြင်၌ ခမ်းနားသိုက်မြိုက်သော ဗိုလ်ရှုသဘင်ပွဲနှင့် ပြည်သူလူထု စီတန်း လှည့်လည်ရေးလှုပ်ရှားမှုကို ကျင်းပခဲ့ကြောင်း၊ ယနေ့ တရုတ်ပြည်သည် သမိုင်းကြောင်းတစ်လျှောက် အမျိုးသားပြန်လည်ဆန်းသစ်ရေး ဟူသော မြင့်မြတ်သည့် ရည်မှန်းချက်နှင့် ပိုမိုနီးကပ်လာကြောင်း၊ တရုတ်နိုင်ငံသည် ဆိုရှယ်လစ်ဝါဒ၏ ပဏာမအဆင့်သာရှိသေးပြီး ကမ္ဘာ့ အကြီးဆုံးသော ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်နေသေးသည်ဟု တရုတ်ပြည်သူများကလည်း ရှင်းလင်းစွာ သိရှိထားကြောင်း၊ တရုတ်နိုင်ငံသည် ကုန်သွယ်မှု ကိုယ်ကျိုးစီးပွား ကာကွယ်ရေးဝါဒနှင့် တစ်ဖက်သတ်ဝါဒဦးမော့လာခြင်း၊ ကမ္ဘာ့စီးပွားရေး ကျဆင်းသော ဖိအား စသည်တို့ကို ရင်ဆိုင်နေရကြောင်း၊ ဥက္ကဋ္ဌရှီကျင့်ဖိန်ပြောသလိုပါပဲ၊ စည်းလုံးညီညွတ်ရေးသည် တရုတ်ပြည်သူနှင့် တရုတ်အမျိုးသားတို့၏ ရှေ့သို့ ချီတက်သော လမ်းကြောင်းပေါ်တွင် အန္တရာယ်နှင့် စိန်ခေါ်မှုအားလုံးကို ကျော်လွှားပြီး အောင်မြင်မှုသစ် ကို အဆက်မပြတ်ရရှိသော အရေးကြီးအာမခံမှုဖြစ်သည်ဟု ပြောကြားကြောင်း ယင်းဆောင်းပါးတွင် ရေးသားထားပါသည်။

    စည်းလုံးညီညွတ်ပြီး ကြိုးပမ်းအားထုတ်သော တရုတ်လူမျိုးများသည် အနာဂတ်တွင် ပိုမိုများပြားသော အံ့ချီးဖွယ်ရာများကို ဖန်တီးပြီး ကမ္ဘာအတွက် ပိုမိုများပြားသော အခွင့်အလမ်းများကို ဖန်တီးပေးမည်ဟု ရေးသားဖေါ်ပြပါသည်။