令狐少萍

(တို့ လမ်းပေါ်မှာ ချီတက်နေ ၉) ပညာမူပိုင်ခွင့် ထိန်းသိမ်းကာကွယ်ရေးသည် တရုတ်ပြည် စီးပွါးရေး အရည်အသွေး မြင့်မားစွာ တိုးတက်မှုကို အထောက်အကူ ပြုနေ

(GMT+08:00)2019-10-01 21:39:54  cri

၁၉၈၀ ပြည့်နှစ်က တရုတ်နိုင်ငံသည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့တွင်တရားဝင် ပါဝင် ခဲ့ပါသည်။ ထို့နောက်တွင် မူပိုင်ခွင့်၊ ကုန်တံဆိပ်၊ စာပေမူပိုင်ခွင့်ဆိုင်ရာ နိုင်ငံတကာ အထွေထွေ စာချုပ်များထဲတွင်လည်း ပါဝင်ခဲ့ပါသည်။ ၂၀၁၈ ခုနှစ်က တရုတ်ပြည်တွင်း ပြည်ပ၌ မူပိုင်ခွင့် လျှောက်လွှာ ပမာဏမှာ ၄၂ သိန်းကျော် ရှိပြီး တီထွင်မှုမူပိုင်ခွင့် လျှောက်လွှာ ပမာဏမှာ ၈ နှစ် ဆက်တိုက် ကမ္ဘာ့ အများဆုံး ဖြစ်ခဲ့ပါသည်။ ကမ္ဘာ့ပညာ မူပိုင်ခွင့် အဖွဲ့ ဒါရိုက်တာချုပ် ကော်ရွေ့က၊ တိုတောင်းသည့် နှစ် ၃၊၄ ဆယ်အတွင်းတရုတ်နိုင်ငံသည် ကမ္ဘာ့ ရှေ့ပြေး ပညာမူပိုင်ခွင့် စည်းစနစ်ကို တည်ထောင်လိုက်ပြီဟု ပြောဆိုပါသည်။